19

470 54 23
                                    

ကိုယ့်ဟာနဲ့ကို သာဆိုရင် hyung ထွက်သွားပြီး တစ်နေကုန် အခန်းထဲမှာပဲ အောင်းနေချင်ပေမဲ့ မျက်နှာမကောင်းချင်တဲ့ အမေ့ကြောင့် အောက်ဆင်း ထမင်းစားပေးလိုက်သည်။

အဖေကပါ ရုံးကနေပြန်လာပြီး ထမင်းလက်ဆုံ အတူစားကြတယ်။

"သားရဲ့အဖိုးက ခုထိ ဆိုးလ် မှာပဲ ရှိသေးတယ်"

အဖေရဲ့ စကားကို Hoseok ဘာမှ မတုံ့ပြန်ဘဲ ထမင်းသာ ဆက်စားနေလိုက်သည်။

"သူက ဂျပန်ကို မပြန်ခင် သားရဲ့ ဦးလေးတို့မိသားစုကို တွေ့သွားချင်နေတယ်။ အထူးသဖြင့် မင်းညီလေးကိုပေါ့"

Hoseok ခေါင်းထောင်လာသည်။
ညီလေး? မဟုတ်မှ

"လွန်ခဲ့တဲ့ လေးရက်လောက်ကပဲ မင်းအဒေါ် ကလေးမွေးတယ်။ ယောကျာ်းလေး"

"ဦးလေးတို့တော့ ပျော်နေတော့မှာပဲ"

ဒီတစ်ခွန်းကိုတော့ Hoseok စိတ်ပါပါနဲ့ ပြန်ပြောမိသည်။

"မင်းအဖိုးက သူတို့ကိုတွေ့ချင်နေတယ်။ အဲ့တာ မင်းဒယ်ဂူကို သွားပြီး ငါ့ညီတို့မိသားစုကို ခေါ်ခဲ့ပေးပါလား သား"

Hoseok ထမင်းစားနေတာကို ရပ်လိုက်ပြီး
"ဘာလို့ ကျွန်တော်က လုပ်ပေးရမှာလဲ။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူကို ထပ်ခါထပ်ခါ ခွဲနေတဲ့ အဖိုးရဲ့ ဆန္ဒကို ကျွန်တော်က ဖြည့်ဆည်းပေးမယ် ထင်လား"

ဟု ပြောပြီး စားပွဲဝိုင်းက ထအထွက်

"မင်းအဖိုးက မင်းတို့ကို ကောင်းစားစေချင်တာပါ။ အခုတောင် သူ့ရဲ့မာနတွေကို လျော့ချထားပြီးပါပြီ။ ငါ့ညီ .. မင်းရဲ့ဦးလေးက Hoseok လာခေါ်မှ လိုက်ခဲ့မယ်ဆိုလို့ မင်းကို သွားခေါ်ခိုင်းရတာပါ။ မင်းအဖိုးအတွက် မဟုတ်ရင်တောင် မင်းကိုချစ်တဲ့ မင်းဦးလေးအတွက် သွားလိုက်ပါ။ မင်းဦးလေးနဲ့ ဒေါ်လေးကလည်း မင်းကို သိပ်သတိရနေကြတာ"

အဖေ့ရဲ့စကားကို Hoseok ဆုံးအောင် နားထောင်ပြီး အိမ်အပေါ်ထပ် တက်သွားလိုက်သည်။

ကျန်ခဲ့တဲ့ သခင်မကြီး Jung က တဝက်တောင် မကျိုးသေးတဲ့ ထမင်းပန်းကန်ကို ကြည့်ပြီး စိတ်မချမ်းမြေ့သလို သခင်ကြီး Jung ကလည်း သက်ပြင်းတချချ။

Heartbeat Of Kiss (Completed)Where stories live. Discover now