"Yoongi... ကျွန်တော်မေးစရာရှိတယ်"
စုပ်လုံးစုပ်နေရင်းမှ မေးလေ ဟူသောပုံစံဖြင့်မျက်လုံးလေးလှန်ကြည့်လာသည်။
"ခင်ဗျား ကျွန်တော့်အနားရောက်နေရတဲ့အကြောင်းအရင်းက ဘာလဲ"
" ........... "
"မေးခွန်းပြောင်းမယ် ။ ခင်ဗျား Lee Yoonjoon ကိုသိလား"
"အင်း .."
"ဘယ်လိုသိတာလဲ"
"သူ ငါ့ကိုအလုပ်တစ်ခု လာအပ်ထားတာ"
"ကျွန်တော်နဲ့ပတ်သက်နေလား"
မြစ်ရေပြင်ဘက်ကိုပဲ မျက်နှာမူထားတဲ့ လူကြီးက ခေါင်းငြိမ့်ပြပါသည်။
"Yoongi .......
ကျွန်တော်တို့က ချစ်သူတွေဖြစ်နေပြီပဲ။ ကျွန်တော့်အပေါ်ရိုးသားပေးနိုင်မလား။ အကယ်၍ လိမ်ပြောခဲ့ရင်တောင် ခင်ဗျားနှုတ်ကထွက်လာသမျှ စကားလုံးတွေကို ကျွန်တော်ယုံကြည်ပေးဖို့အသင့်ပါပဲ ... "တည်ကြည်လေးနက်တဲ့မျက်နှာထားနဲ့ ကောင်လေးကို Yoongi ခဏတာစိုက်ကြည့်နေမိသည်။
ပြီးမှ လေပူတချက်မှုတ်ထုတ်ကာ
"အကြောင်းစုံ သိပြီးသွားရင် မင်းငါ့ကိုစိတ်ပျက်မသွားဖို့မျှော်လင့်ပါတယ် "
"အင်း .. ငါမင်းနားကိုရောက်နေတာက အရင်ကရည်ရွယ်ချက်တစ်ခုကြောင့်ပဲ။ နောက်လာမယ့်စာမေးပွဲမှာ မင်းသွားမဖြေနိုင်အောင် ငါလုပ်ပေးရမှာ"Yoongi ပြောရင်း ကောင်လေးကိုကြည့်မိတော့ ခန့်မှန်းရခက်တဲ့မျက်နှာထားမျိူးနဲ့ ကန်ရေပြင်ထက်ကို ကြည့်နေသည်။
"ဒါဆို ကျွန်တော်သစ္စာဖောက်ခံရတာလား ... Yoongi "
ကောင်လေးရဲ့ပခုံးကို Yoongi လှမ်းဆွဲလိုက်ပြီး သူ့ဘက်မျက်မှာမူစေကာ
"ငါ့မျက်လုံးကိုကြည့် ... မြင်လား"
"ဘာကိုလဲ? "
"မင်းအပေါ်ထားတဲ့ စစ်မှန်တဲ့ချစ်ခြင်းတွေကို"
"........... "
"မှန်တယ် ... အစကတော့ ငါ့အလုပ်ကိစ္စအတွက် မင်းကိုချဥ်းကပ်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူက သိမှာလဲ အမြဲတမ်းအေးစက်တဲ့အမှောင်ထုနဲ့အထီးကျန်မှုတွေကို အသားကျနေတဲ့ငါက နေရောင်ခြည်လိုနွေးထွေးတဲ့မင်းအပြုံးတွေမှာ ကျရှုံးသွားလိမ့်မယ်ဆိုတာကို .... "
"လောကမှာ ဂရုစိုက်စရာဘာမှ မရှိတော့ဘူးလို့ သတ်မှတ်ထားတဲ့ငါက မင်းတစ်ယောက်ကိုတော့ ဘာထိခိုက်နာကျင်မှုမှ မရှိအောင်ကာကွယ်ပေးချင်လာတယ် ဆိုတာကို"
"ဘဝရဲ့ရှင်သန်ရာက ဘာလဲဆိုတာမသိခဲ့တဲ့ ငါ့အတွက် ... အခုတော့ ငါ့ရဲ့ရှင်သန်ရာက မင်းဖြစ်လို့နေခဲ့တာ "
YOU ARE READING
Heartbeat Of Kiss (Completed)