18

501 57 18
                                    

Hoseok နဲ့ Yoongi ပူးကပ်နေရာကနေ ဖယ်ခွာသွားကြပြီး Hoseokက Don Yoon ကို မျက်မှောင်ကြုံ့ကာ စိုက်ကြည့်ရင်း

"အပြင်မှာ ဘာတွေလဲ Hyung"

"သတင်းထောက်တွေနဲ့ တခြားသူတွေ။ မင်းတို့နှစ်ယောက် ဒီဆိုင်မှာ ရှိနေကြတာကို သိပြီးရောက်လာကြတာ။ ငါတို့ထိန်းလို့မရတော့ဘူး"

စိုးရိမ်တဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့်လာတဲ့ Hyungငယ်ရဲ့ လက်ကို Hoseok နူးညံ့စွာ ဆုပ်ကိုင်လိုက်ပြီး Don Yoon hyung ဘက်လှည့်ကာ

"ကျွန်တော် ဖြေရှင်းလိုက်မယ် Hyung"

.
.
.

ဆိုင်ထဲကနေ လက်ချင်းတွဲကာထွက်လာတဲ့ အပေါ်အောက် ဆင်တူဝတ်ထားကြတဲ့ ယောကျာ်းလေးနှစ်ယောက်ကို သတင်းထောက်တွေက အလုအယက် တိုးဝှေ့ကာ ဓာတ်ပုံရိုက်ယူနေကြသည်။

အားလုံးရဲ့ အလယ်မှာ Hoseokက Yoongiရဲ့လက်ကို ဆုပ်ကိုင်ရင်း ရဲဝံ့စွာ ရပ်နေသည်။

ထို့နောက် နှစ်ယောက်လုံးက Maskတွေ ချွတ်လိုက်ကြပြီး Hoseok က Yoongi ရဲ့လက်ကို မြှောက်ကာ

"Social Media ပေါ်မှာ ပျံ့နေတဲ့ သတင်းတွေက အမှန်ပါပဲ။ ဒါက ကျွန်တော့် တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့ ကျွန်တော့်ချစ်သူ Min Yoongiပါ "

Hoseok ရဲ့စကားကြောင့် သတင်းထောက်တွေအပါအဝင် လူအုပ်ထဲမှာ တိုးဝှေ့နေကြတဲ့ Hoseokရဲ့ မိန်းကလေးပရိသတ်တွေကပါ တဝိုးဝိုး တဝါးဝါး ဖြစ်ကုန်ကြသည်။

Hoseokက သူ့ရဲ့ညာဘက်လက်ကို မြှောက်ပြပြီး
"ကျွန်တော်တို့ စေ့စပ်ပြီးသွားကြပါပြီ"

ကင်မရာမီးတွေက သူတို့ရှေ့ကို စူးထိုးစွာ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ယူနေကြသည်။

မျက်လုံးကို စူးထိုးလာတဲ့ အလင်းရောင်တွေကြောင့် Yoongi မနေတတ်ဖြစ်မိတော့ Hoseokက ကာထားပေးသည်။

" Wow ~~~ "

ထိုစဥ်ထွက်ပေါ်လာတဲ့ မိန်းကလေး အုပ်စုရဲ့ အသံတစ်ချို့
(A/N = အဲ့ဒီအုပ်စုထဲမှာ အခုဖတ်နေတဲ့သူတွေကော ပါတယ်မလား မှန်မှန်လိမ်😆)

"လိုက်တယ်ဟေ့ .. ငါတော့သဘောတူတယ်။ အခုပဲ YoonSeok Fan Club ထောင်တော့မယ်ဟေ့"

Heartbeat Of Kiss (Completed)Where stories live. Discover now