14

588 61 15
                                    

လေယာဥ်ပေါ်က ဆင်းဆင်းချင်း

"Yoongi က အခု ဆိုးလ်ကို ရောက်နေလောက်ပြီ"

ဆိုတဲ့ ဦးလေးလှမ်းပြောတဲ့ စကားကို ကြားပြီး ဒယ်ဂူကို ပြန်ဖို့ ပြင်နေတဲ့ Hoseok ခြေလှမ်းတွေ သူ့အဖိုးရဲ့ ဆိုးလ်က ရုံးချုပ်စီကို ဦးတည်သွားရတော့သည်။

ခြေလှမ်းကျယ်ကြီးတွေနဲ့ သူ့အဖိုးရဲ့ ရုံးခန်းရှေ့ရောက်တော့ ကြားလိုက်ရတဲ့ စကားကြောင့် တံခါးကိုအမြန်ဆွဲဖွင့်ကာ ဟန့်တားမိသည်။

အလန့်တကြားလေး သူ့ကို ပြူးကြည့်လာတဲ့ မျက်ဝန်းငယ်က တကယ်ကို အသဲယားစရာ ။ ခဏလေးအတွင်း မျက်ရည်ကြည်တွေ ရစ်ဖွဲ့လာတဲ့ hyung ပေါက်စက နှုတ်ခမ်းပါးလေးကို လှုပ်ရုံလေးနဲ့

"Hoseokie ~~ "
လို့ ခေါ်နေသေးတာ။

Hoseok သူ့အဖိုးရှိနေတာကိုပင် ဂရုမစိုက် ကိုယ်ငယ်လေးစီ ပြေးသွားပြီး အင့်ခနဲ ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားမိသည်။

နားနားလေးကို နှုတ်ခမ်းကပ်ပြီး
"လွမ်းနေလိုက်ရတာကွာ ~~ "

"ဟင့် .. ငါကောပဲ"

"အဟမ်း အဟမ်း "

ဥက္ကဌ ရဲ့ချောင်းဟန့်သံကြောင့် Yoongi က ဖယ်ခွာဖို့လုပ်လိုက်ပေမယ့် အတင်းဖက်ထားတဲ့ Hoseok ကြောင့် မလှုပ်သာ။
Hoseokက အဝ ဖက်ပြီးမှ လွှတ်ပေးလိုက်သည်။

ဖြူအုအု လက်ကလေးကို ဆုပ်ကိုင်ပြီး သူ့ပေါင်ပေါ်တင်ထားတဲ့ Hoseok က သူ့အဖိုးကို ကြည့်ကာ

"ကျွန်တော်တို့ နှစ်ယောက်ကို ခွဲဖို့မကြိုးစားပါနဲ့တော့။ အဖိုး စိတ်တိုင်းကျ ကျွန်တော် ပညာသင်ခဲ့ပြီးပြီလေ။"

"ငါ မင်းတို့ကို ခွဲမယ်လို့ ဘယ်သူပြောလဲ"

အဖိုးဖြစ်သူရဲ့ စကားကြောင့် Hoseok မျက်ခုံးပင့်မိသွားသလို တစ်ဆက်တည်း ပျော်မိသွားသည်။
ဒါပေမဲ့ သူ့အဖိုးက ဘယ်တော့မှ လွယ်တဲ့သူမဟုတ်ခဲ့။

နှစ်နှစ်ကြာအောင် ခွဲထားခဲ့တဲ့ ကံကြမ္မာက​ကော သူတို့ကို ကြည်စယ်လို့ ဝပြီတဲ့လား။
ဟင့်အင်း ...။

"ဒါပေမဲ့ ... တစ်ခုတော့ရှိတယ်"

သူတွေးထားသလိုပင် တကယ်လည်း မလွယ်တဲ့ အဖိုးပါပင်။

Heartbeat Of Kiss (Completed)Where stories live. Discover now