10

626 75 44
                                    

စာမေးပွဲ နောက်ဆုံးနေ့ ,

"ကျွန်တော် ဒီနေ့ မိုးချုပ်တဲ့အထိ အချိန်ရတယ် .. Yoongi ။ စာမေးပွဲနောက်ဆုံးရက်မို့ Yoongi နဲ့ လျှောက်လည်ဦးမှာ လို့ ဦးလေးတို့ကိုပြောခဲ့တယ် "

မိုးပြာရောင် ဂျင်းဘောင်းဘီ အရှည်လေးရယ် ၊ အဖြူရောင် လည်ပိတ်အင်္ကျီလက်ရှည်ပေါ်မှာမှ ကုတ်အရှည် မီးခိုးရောင်လေးကိ ထပ်ဝတ်ထားတဲ့ အေးအေးချမ်းချမ်းကောင်ငယ်လေးဟာ ဒီနေ့ သွားလည်မယ့် နေရာကို အတူလမ်းလျှောက်နေကြရင်း Yoongi ဘက်လှည့်ကြည့်ကာ ဆိုသည်။

ကောင်လေး ယူလာတဲ့ အင်္ကျီတွေကို ဝတ်ထားရတဲ့ Yoongi ဟာ ကောင်လေးနဲ့ ပုံစံတူ ဂျင်းဘောင်းဘီ ၊ ဆင်တူအင်္ကျီလက်ရှည်ပေါ်မှာမှ ကောင်လေးနဲ့ ပုံစံတူတဲ့ အနက်ရောင် ကုတ်အရှည်လေးနဲ့ တည်ငြိမ်စွာ ဆွဲဆောင်မှုရှိနေပြန်တယ်။

လိုက်ဖက်လွန်းလှတဲ့ ထိုကောင်လေးနှစ်ယောက်ဟာ ချယ်ရီပင် တွေ ရှိရာတစ်လျှောက်ကို လမ်းလျှောက်နေကြပုံမှာ အေးချမ်းစွာ ကြည်နူးဖွယ်အတိ...။

Yoongiက ခပ်သော့သော့ရယ်ကာ သူ့ကိုမှီတွယ်ထားတဲ့ ကောင်လေးကို

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Yoongiက ခပ်သော့သော့ရယ်ကာ သူ့ကိုမှီတွယ်ထားတဲ့ ကောင်လေးကို

"စာမေးပွဲဖြေရတဲ့ ကာလတစ်လျှောက်လုံးလည်း ကိုယ်နဲ့အတူတူ လျှောက်လည်နေတာပဲဟာ "

"ဟီးဟီး ။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကိုကို ကျွန်တော်နဲ့ အတူ မိုးချုပ်တဲ့အထိ လျှောက်လည်ပေးရမှာနော်"

နှုတ်ခမ်းလေး ခပ်စူစူနဲ့ လိုချင်တာရှိရင် ကိုကို ဆိုပြီး ချုပ်ကိုင်တတ်သေးတဲ့ ဒီကောင်လေး Yoongi အသဲပိုရပြန်ပါသည်။

နှာခေါင်း ချွန်ချွန်လေးကို အသာဆွဲညစ်လိုက်ပြီး

"အမိန့်တော် မြတ်အတိုင်းပါခင်ဗျ"

Heartbeat Of Kiss (Completed)Where stories live. Discover now