09

629 76 10
                                    

"Yoongi က တကယ်ကို အရည်အချင်းရှိတဲ့ သူတစ်ယောက်ပဲ။ ဒါကြောင့်လည်း Hoseok ညွှန်းပေးတာ မဆန်းပါဘူး"

ဒီတစ်ခေါက် သူဦးဆောင်တဲ့ စက်ရုံခွဲအသစ် ဆောက်မယ့်ကိစ္စ အဆင်ပြေပြေနဲ့ ပြီးသွားတော့ သူဌေးက သူ့ကို ချီးကျူးနေသည်။

Yoongi လည်း သူဌေး ရုံးခန်းထဲမှာ သူဌေးကို အားနာပါးနာ ပြန်ရယ်ပြရင်း ကိုယ့်ကိုကိုယ် နှိမ့်ချကာ စကားတွေ ပြောနေပေမယ့် စိတ်ကတော့ Hoseok ဆီမှာသာ။

စက်ရုံအသစ်အတွက် မြေနေရာတွေ သွားကြည့်ရတာနဲ့ ရွာတွေဘက် ခရီးထွက်နေရတာ တစ်ပတ်လောက်တောင် ကြာသွားတယ်။ ပြန်လာတော့လည်း သူဌေးက ခေါ်တော့ ချက်ချင်း သူဌေးရုံးခန်းကို ရောက်လာရတယ်။

တကယ်ဆို ခရီးက ပြန်လာလာချင်း သူ့ကောင်လေးကို တွေ့ချင်တာကို။
(သူဌေးက အလိုက်မသိချက်)

"Yoongi !"

တွေးနေတုန်းရှိပါသေး။ ကြားလိုက်ရပြီ လွမ်းနေရတဲ့ အသံလေးကို။ ဖုန်းထဲမှာတော့ ကြားနေရပေမယ့် ဒီလိုအပြင်မှာကြားရတာ ပိုနားထောင်လို့ ကောင်းတဲ့ ချစ်ရသူရဲ့ အသံလေး။

Yoongi အသံလာရာ မော့ကြည့်မိတော့ အမောတကော ပြေးလာပုံရတဲ့ Hoseok က လက်တစ်ဖက်က ဖုန်းကိုကိုင်ရင်း နောက်လက်တစ်ဖက်ဖြင့် သူဌေးရုံးခန်း တံခါးကို ထောက်ကာ အမောဖြေရင်း သူ့ကိုကြည့်နေသည်။

ချက်ချင်းတောင် ပြေးဖက်လိုက်ချင်ပေမယ့် သူဌေး ရှိတာမို့ အဆင်မပြေ။

"ပြန်ရောက်ပြီလား Yoongi။ ခရီးစဥ်အဆင်ပြေခဲ့ရဲ့လား"

Hoseok က အခန်းထဲဝင်လာကာ Yoongi ​​ဘေးကခုံမှာ ထိုင်ရင်း ပြောသည်။

Hoseok ရဲ့ဦးလေးကတော့ ရောက်လာတည်းက သူ့ကိုနှုတ်ဆက်စကား တစ်ခွန်းလေးတောင် မပြောဘဲ တစ်Yoongi တည်း Yoongi နေတဲ့ Hoseok ကို အကဲခတ်ကြည့်နေမိသည်။

အချင်းချင်း စကားတွေပြောနေကြတာများ မတွေ့ရတာ ကြာတဲ့ ချစ်သူရည်းစားတွေ အလွမ်းသယ်နေကြနေသလိုမျိုး။ သူ့တူက လူတစ်ယောက် အပေါ် အဲ့ဒီလောက်ထိ ခင်တွယ်တတ်မှန်း သူမသိခဲ့ရိုး အမှန်ပါ။

"အဟမ်း အဟမ်း"

သူချောင်းထဆိုးပေးလိုက်မှ စကားပြောနေတာရပ် ၊ အကြည့်ချင်းခွာပြီး သူ့ဘက်လှည့်ကြည့်လာကြတဲ့ ရှေ့ကနှစ်ယောက်။

Heartbeat Of Kiss (Completed)Where stories live. Discover now