13

566 65 19
                                    

A/N =Media မှာ ဒီအပိုင်းရဲ့ OST Song Don't Wanna Cry ကို Mm subနဲ့ဟာ ထည့်ပေးထားပါတယ်။ ဖတ်ရင်း နားထောင်ရအောင် ☝️
______________________________________

"တကယ်စားလို့ကောင်းတယ်။ ကျွန်တော့် Hyung အတော်ဆုံးပဲ"

"ဟုတ်ပါပြီ များများထည့်စား။"

"စားမှာ စားမှာ ။ ဗိုက်ကြီး ဖောင်းကားနေအောင် စားမှာ"

*နောက်ဆို hyung ရဲ့လက်ရာလေးကိုလည်း လွမ်းနေရတော့မှာလေ*

စားသောက်ပြီးကြတော့ Hoseok က အပြင်သွားကြမယ် ဆိုလို့ နှစ်ယောက်လုံး အပေါ်အင်္ကျီထပ်ဝတ်ကြကာ အိမ်တံခါးသော့ခတ်ပြီး ထွက်လာခဲ့လိုက်သည်။

ဝေးဝေးလံလံ တော့မဟုတ်။ Yoongi အိမ်နားက Hoseok လှူနေကြ မိဘမဲ့ကျောင်းလေးကိုသာဖြစ်သည်။

နှုတ်ဆက်စရာရှိတဲ့ လူတွေကို နှုတ်ဆက်လိုက်ကြပြီး အရင်က အတူလာခဲ့ဖူးတဲ့ အဆောင်သစ်ကြီးပေါ် တက်လာခဲ့လိုက်ကြသည်။

အခန်းတွေ အခန်းတွေ ထဲမှာ ကိုယ်စီကိုယ်စီ ပစ္စည်းအပြည့်အစုံဖြင့် အတတ်ပညာတွေ ၊ လက်မှုပညာတွေ သင်ယူနေကြတဲ့ ဒီကျောင်းက ကလေးတွေ။

ဘယ်သူမှ ရှိမနေတဲ့ အပေါ်ဆုံးထပ်ရဲ့ ထောင့်စွန်းက တူရိယာတွေ ထားတဲ့ အခန်းကို သူတို့နှစ်ယောက် လျှောက်လာခဲ့လိုက်သည်။

Hoseokက သူ့လက်ကို ဆွဲကာ အရင်က သူတီးပြခဲ့တဲ့ ပြတင်းပေါက်နားက စန္ဒယားစီကို သွားသည်။

ထို့နောက် ဝင်ထိုင်လိုက်ပြီး

"ဒီတစ်ခါ ကျွန်တော်တီးပြအလှည့် ... Hyung နားထောင်"

Yoongiလည်း ပြုံးကာ ပုတ်သင်ညိုလေးလို ခေါင်းငြိမ့်လိုက်သည်။

ထို့နောက် Hoseok မျက်နှာချင်းဆိုင်မှာ ခုံလေးတစ်ခုံယူထိုင်ကာ စန္ဒယားပေါ် မေးထောက်ထားလိုက်သည်။

Hoseok လည်း စတင် တီးခတ်လိုက်ပြီး သီချင်းတစ်ပုဒ်ကို စဆိုလိုက်သည်။

SEVENTEEN ရဲ့ Don't Wanna Cry ဆိုတဲ့ သီချင်းလေးကို ငြိမ့်ငြောင်းစွာ တီးခတ်ပြီး အသံအေးအေးလေးနဲ့ ဆိုပြနေသည်မှာ တကယ်ကို ရင်ထဲထိသည်။ Yoongi လည်းရသည်မို့ ခေါင်းလေးလှုပ်ကာ နောက်ကနေ လိုက်ဆိုမိသည်။

Heartbeat Of Kiss (Completed)Where stories live. Discover now