04.

755 99 26
                                    

အမြဲအေးစက်နေတဲ့ အမှောင်ထုကပဲ သူ့ကိုစောင့်ကြိုနေခဲ့တာ
တစ်ယောက်တည်း နေရတဲ့ ၊ အထီးကျန်ရလွန်းတဲ့ခံစားချက်ကို Yoongi အလွန်မုန်းပါသည် ။

အခုတော့ အမှောင်ထုအခန်းထဲမှာ အရင်လို မှောင်မှောင်ပိန်းပိန်းနေပြီးပဲ အချိန်တွေကိုမကုန်ဆုံးတော့ဘူး ။ တစ်ခန်းလုံးမှောင်နေရင်တောင် ကုတင်ဘေးမှာ ရှိတဲ့ စားပွဲတင်မီးအိမ်လေးကို သူအိပ်မပျော်မချင်းဖွင့်ထားဆဲ ...။

ခေါင်းအုံးလေးအပေါ် မေးတင်ရင်း ထိုမီးအိမ်ရဲ့ အောက်ကမီးခလုတ်ကို ဆော့ကစားကာ ကောင်လေးအကြောင်းကိုပဲ အမြဲတွေးနေမိတော့တဲ့သူ။

ဒီညလဲ သူ့ရဲ့စန္ဒယားတီးသံနောက်မှာ ပျော်ဝင်ကာခံစားနေတဲ့ ကောင်လေးရဲ့ပုံရိပ်ရယ် ၊ ကလေးတစ်ယောက်လို သူ့ကိုတောင်းဆိုမှုပြုတတ်တဲ့ ကောင်လေးရဲ့နှုတ်ခမ်းဖူးဖူးလေးတွေကိုပြန်တွေးရင်း Yoongiပြုံးလို့နေခဲ့သည် ။

သူ့အတွက်ပျောက်ဆုံးနေခဲ့တဲ့ အရယ်အပြုံးတွေကို ကောင်ငယ်လေးက အများဆုံးဖော်ဆောင်ပေးခဲ့တာပဲ ...။

Ting 📲
: (Min Yoongi ဒီတခေါက်လပတ်စာမေးပွဲပြီးရင် အတန်းတင်စာမေးပွဲပဲ ။ သေချာပေါက် Jung Hoseokလာမဖြေနိုင်အောင် ခင်ဗျားလုပ်ပေးရမယ် ။ ခင်ဗျားတာဝန်ကို မမေ့နဲ့ )

ဝင်လာတဲ့ စာကြောင့် စောနကပျော်တဲ့စိတ်လေးပင် ညစ်ညူးသွားရသည် ။

အဲ့တာထက် သူ Jung Hoseok ဆိုတဲ့ကောင်လေးကို ဘယ်လို ထိခိုက်အောင်လုပ်ရမလဲ ၊ ထိုကောင်လေးက သူအရင်​ကတိုက်ခိုက်ခဲ့ဖူး ၊ ရန်ဖြစ်ခဲ့ဖူးတဲ့သူတွေနဲ့မတူ ။

ဘာလို့လဲ ။ အဆင့်အတန်းမြင့်တဲ့ သူတွေထဲကမို့လို့လား အကောင်ကြီးကြီးတစ်စုံတယောက်ရဲ့ သားတယောက်မို့လို့လား ၊ ဟင့်အင်း အဲ့လိုကောင်တွေကိုတောင် တယောက်ကိုမှ Yoongi ဂရုစိုက်ခဲ့တာမဟုတ် ။

ဒီကောင်လေးက သာမန်ကျောင်းသားလေးဆိုပေမယ့် သူ့အတွက်တော့ တစက်ကလေးမှ အထိခိုက်မခံနိုင် ၊ မနာကျင်စေချင်တဲ့ လူသားလေး ။

အဲ့တာတွေအားလုံးထက် သူက ကောင်လေးကို တိုက်ခိုက်ဖို့အတွက် အနားချဥ်းကပ်ခဲ့တယ်ဆိုတာ ထိုကောင်လေးသိသွားရင် ဘလိုလုပ်မလဲ။ အစကတော့ ကောင်လေးကိုတိုက်ခိုက်ဖို့ရည်ရွယ်ချက်နဲ့ ချဥ်းကပ်ခဲ့ပေမယ့် လက်ရှိ Yoongiရဲ့ ရည်ရွယ်ချက် ဒီအတိုင်းလေးပဲ ကောင်လေးအနားမှာနေပြီးပဲ ကာကွယ်စောင့်ရှောက်ပေးဖို့သာ ဖြစ်တော့သည်...။

Heartbeat Of Kiss (Completed)Where stories live. Discover now