08

682 103 20
                                    

Yoongi ဖိနပ်ချွတ်ကာ အိမ်ထဲဝင်လာလိုက်သည်။ အပေါ်ဝတ်ကုတ်အရှည်ကိုလည်း ချွတ်ပြီး ချိတ်ထားကာ မောမောဖြင့် ထိုင်ခုံပေါ် နောက်လှန်ထိုင်ချလိုက်သည်။

ခေါင်းကိုအသာဖိနှိပ်ရင်း အိပ်ကပ်ထဲက ဖုန်းကိုဆွဲထုတ်ကြည့်မိလိုက်တယ်။
အလုပ်စဝင်ကာစမို့ သူပင်ပန်းရသည်။ ဒါပေမယ့်လည်း Yoongiကြိုးစားပါတယ်။ Hoseok ကလည်းသူ့အနားနေပြီး လုပ်ငန်းခွင်နဲ့ပတ်သတ်ပြီး သူနားမလည်တာမှန်သမျှ အကုန်ရှင်းပြပေးတယ်လေ။

သူ့အနေနဲ့ အထက်တန်းကောင်လေးက ဒါတွေကိုအကုန်နားလည်ပြီး သိနေတာ အံ့သြမိပေမယ့် အထွေအထူးမေးမနေတော့ဘူး။ သူ့မိသားစုလုပ်ငန်းမို့လို့နေမှာပေါ့လေလို့ပဲတွေးလိုက်တော့တယ်။

Hoseokကျေးဇူးနဲ့ သူ့သူဌေးကလည်း သူ့က်ိုအလုပ်ကြိုးစားပြီး အရည်အချင်းရှိတယ်ဆိုပြီး ခဏခဏချီးကျူးတယ်။ အလုပ်ဝင်တာ တစ်လလောက်ပဲ ရှိသေးပေမယ့် ဘယ်ကိစ္စမဆို သူဌေးက သူ့ကိုယုံယုံကြည်ကြည်နဲ့ခိုင်းတယ်။ အခုတောင် စက်ရုံခွဲအသစ်ကိစ္စကို သူ့ကိုဦးစီးခိုင်းနေတာမို့ သူကြိုးစားလုပ်နေရသည်။ သူ့ကိုယုံကြည်တဲ့သူဌေးကို စိတ်မပျက်စေချင်ဘူးလေ။

အလုပ်ကပင်ပန်းနေတဲ့အချိန် သူ့အနားမှာ Hoseokရှိမနေတာ တော်တော်ဆိုးလှသည်။ အမြဲတမ်း နေချင်သလိုနေတဲ့သူ့ကို တဗျစ်တောက်တောက် ဆူတတ်တဲ့ ကောင်ငယ်လေးကို သူလွမ်းမိသား။ ဒီတစ်ပတ်အတွင်း သူလည်းစက်ရုံမှာပဲ အနေများနေသည်မို့ ကောင်လေးနဲ့မတွေ့ဖြစ်။ အဆင်ပြေရဲ့လားတောင်မသိဘူး။

ကောင်လေးအကြောင်းတွေးရင်းပြုံးကာ ဖုန်းContact ထဲမှာ ထိပ်ဆုံးကနေရာယူနေတဲ့ ကောင်လေးဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"တူ ~ ~ တူ "

"အွန်း ~ ~ Yoongi "

ဖုန်းဝင်သွားပြီး သိပ်မကြာ တစ်ဖက်က ကောင်လေးရဲ့ထူးသံလေးကိုကြားရသည်။အိပ်ချင်မူးတူးအသံလေးက အားပျော့လို့နေသည်။

"Hoseok အိပ်နေတာလား "

"အင်းလေ ... Yoongiရဲ့ ဒါကအိပ်ချိန်ပဲကို"

"ဟုတ်ပါပြီ ... ကိုယ်က မင်းကို လွမ်းလို့ဖုန်းဆက်လိုက်တာပါ။ ဆက်အိပ်နော်"

Heartbeat Of Kiss (Completed)Where stories live. Discover now