07

688 92 22
                                    

လွယ်အိတ်ကို တစ်ဖက်တည်းလွယ်ကာ ထုံးစံအတိုင်း စာအုပ်တစ်အုပ်ကိုလက်မှာကိုင်ရင်း ကျောင်းခန်းအပြင်ဘက် Hoseokထွက်ဖို့လုပ်လိုက်သည်။
အခန်းထဲမှာတော့ ကျောင်းသားတစ်ယောက်မှ မကျန်တော့ဘူး။ သူကတော့ ရေးစရာတွေကိုအပြီးသတ်နေရတာမို့ကျန်ခဲ့သည်။

ဒီနေ့ Yoongiက ဆေးသွားစစ်တာမလို့ သူYoongiနောက်လိုက်သွားဖို့ လောနေမိသည်။

နာရီကိုကြည့်ကာ ထွက်လာရင်းနဲ့မှ အခန်းအပြင်ဘက်တွင် Yoonjoon နဲ့တိုးသည်။
Hoseok စိတ်ပျက်စွာ ခေါင်းတစ်ချက်ခါရင်း ရှောင်ထွက်သွားဖို့ပဲ လုပ်လိုက်သည်။

ဒါကိုမှ Yoonjoon ကတမင်တကာ သူ့ပခုံးကို ဝင်တိုက်သွားပြီး ခနဲ့တဲ့တဲ့ ပြုံးပြနေသေးသည်။

"ဘယ်လိုလဲ စာကြမ်းပိုးကြီးရဲ့
ဒီနေ့စာတွေ ကြိုးစားလှချည်လား။ ဒီတစ်ခါလဲ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ့နောက်မှာ ကျန်နေခဲ့ဦးမှာပဲ .. hak"

သူ့ကော်လံကို သပ်ကာ ပြောနေတဲ့ Yoonjoonရဲ့ လက်ကို Hoseok ပုတ်ချလိုက်ပြီး စိုက်ကြည့်ကာ

"မင်းဘာလို့ ငါ့နဲ့ လိုက်ပြိုင်နေတယ်ဆ်ိုတာ ငါနားမလည်ဘူး Yoonjoon။ မင်းကလည်း တော်တဲ့သူတစ်ယောက်ပါ။ မင်းငါ့ကို စစ်မှန်တဲ့နည်းနဲ့ပဲ အနိုင်ယူဖို့ကြိုးစားသင့်တယ်။ အောက်တန်းစားလုပ်ရပ်တွေက အဆင့်တစ်ဆိုတဲ့ သူ အထူးသဖြင့် ..."

Yoonjoonရဲ့ ဘေးချင်းဆိုင်အထိHoseok လျှောက်ကာ

"မင်းလိုမြို့တော်ဝန်သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မလိုက်ဖက်ဘူး"

ဟုပြောရင်း ထွက်သွားသည်။ ခြေလှမ်းသုံးလှမ်းလောက်လျှောက်အပြီးမှာမှ ရပ်ကာ

"ပြီးတော့ ...."

Hoseokရဲ့စကားသံကြောင့် Yoonjoon သူ့ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ရင်း ဘေးတစ်စောင်းလှည့်ကြည့်မိသည်။
Hoseok ကတော့သူ့ကို ကျောပေးလျက်ပင် ဆက်ပြောသည်။

"စာရွက်ပေါ်ကအမှတ်တွေက ငါ့ဘဝအတွက်အဆုံးအဖြတ်မဖြစ်နိုင်ဘူး"
"ငါက ငါ့စိတ်ကြိုက်လမ်းကိုပဲရွေးချယ်တာ။ ငါ့မှာလုံလောက်တဲ့အရည်အချင်းတွေရှိပြီးသား။ ငါရွေးချယ်တဲ့လမ်းကိုလည်း လျှောက်နိုင်တယ်။ ဘယ်သူ့ကိုမှ အားမကိုးဘူး။ ဘယ်သူ့ကိုမှလည်း ကြောက်မနေဘူး။"
"Yoonjoon .... အတန်းဖော်တစ်ယောက်အနေနဲ့ ငါမင်းကိုအကြံပေးမယ်....။ သူများကိုပြိုင်ဖို့ထက် မင်းကိုမင်းသာ ပြိုင်ပါ။
မင်းက အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲလေ။ မင်းဘဝကို ဘယ်သူမှ လွှမ်းမိုးတာမခံနဲ့ "

Heartbeat Of Kiss (Completed)Where stories live. Discover now