21

498 44 2
                                    

Hoseok's side ..,
{At Instragram}

'အချစ်အတွက် ပထမဦးဆုံး ဆွဲပေးခဲ့တဲ့ ပုံတူပန်းချီ'
ဆိုတဲ့ caption နဲ့ ပထမဆုံးတင်လိုက်တဲ့ ပုံအောက်မှာ ကောမန့်ပေါင်း ရာထောင်ချီ။

အဲ့ဒီထဲကမှ သူတို့အတွက် Yoonseok fan club ဆိုတာကြီးကို အရင်ဆုံးစထောင်ပေးခဲ့ကြတဲ့ မိန်းကလေး အုပ်စုက ပွက်လောအရိုက်ဆုံး။ သူတို့နှစ်ယောက်နဲ့ ပတ်သတ်တာဘာမဆို ဆတ်ဆတ်ထိ မခံကြလွန်းလို့ Hoseok မှတ်မိနေခြင်း။

Comment 1 :ဟေး အဲ့ပုံ ငါမြင်ဖူးသလိုပဲ။ ငါသိပြီ အဲ့ဒါ ငါတို့ဒယ်ဂူရဲ့ (***) ရပ်ကွက် က Graffitiတွေ ဆွဲတဲ့ လမ်းကြားထဲမှာ ငါမြင်ဖူးတာ။ အဲ့ဒီပုံအောက်နားက J-hope ဆိုတာ ငါတို့ Oppa Hoseokပေါ့။

Other commentors
: အဲ့နေရာလေး ဓာတ်ပုံရိုက်ပြစမ်းပါ

: ငါနောက်နေ့ကျ သွားကြည့်ပြီး ဓာတ်ပုံရိုက်ခဲ့ဦးမယ်

: Omo! လက်ရာက လှလိုက်တာ။ ငါလည်းသွားကြည့်မယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Hoseok's side ..,
{In Japan}

'ဒီမှာ ချယ်ရိီတွေ ပွင့်နေပြီ။ ဒီနေ့နဲ့ဆို ကျွန်တော် hyung ကိုလက်ထပ်ခွင့် တောင်းခဲ့တာ နှစ်နှစ်ရှိပြီ။ Hyung ထွက်သွားတာလည်း နှစ်နှစ်ပြည့်တော့မယ် ။ Hyung ပေးထားတဲ့ လက်စွပ်လေးနဲ့ ဆင်တူ နောက်တစ်ကွင်း ကျွန်တော် ထပ်လုပ်ထားတယ်။ Hyung ပြန်လာရင် အတူ ဝတ်ရအောင်လို့လေ'

ဆိုတဲ့ စာကိုတော့ Post မနေနဲ့ မတင်တော့ဘဲ Draft ထဲမှာပဲ သိမ်းထားလိုက်တော့တယ်။ တော်ကြာ hyung က ဒါကို မြင်ပြီး ငိုနေဦးမှာ သေချာတယ်။

ဖုန်းကို သိမ်းလိုက်ပြီး လက်စွပ်လေးတွေကို ခပ်ဖွဖွ ပွတ်ကာ အိပ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။

Hyung ရဲ့ နှုတ်ခမ်းပါးလေးလိုပဲ ပန်းရောင်ရှိတဲ့ ချယ်ရီတွေကို ကြည့်သည်ဆိုရုံမျှသာ ငေးပြီး ချယ်ရီပန်းတွေနဲ့အတူ ဓာတ်ပုံရိုက်နေကြတဲ့ ကြည်နူးစရာ စုံတွဲတွေကို ကျောခိုင်းထွက်ခဲ့လိုက်တယ်။

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Yoongi's side ..,
{In Paris}

ငါသိပ်ကို ပင်ပန်းနေတယ် မောင်ရယ်။

Heartbeat Of Kiss (Completed)Where stories live. Discover now