17

605 54 8
                                    

Yoongi တစ်ယောက် နိုးလာတာနဲ့ ညက အကြောင်းတွေ ခေါင်းထဲအစီအရီ ဝင်လာတော့ မျက်နှာကြီး ပူထူသွားသလို ခံစားလိုက်ရသည်။

ထိုအချိန် တံခါးတွန်းဖွင့်သံကြောင့် စောင်ကို ခေါင်းထိ ခြုံလိုက်ပြီး အိပ်ချင်ယောင် ဆောင်လိုက်တဲ့ Yoongi။

ကုတင်က အိကျသွားကာ Hoseok ရဲ့လက်ဖြင့် ဖယ်ခွာခြင်းခံလိုက်ရတဲ့ စောင်လေး။

Hoseok က Yoongi နဖူးကို တမြတ်တနိုးနမ်းကာ

"နိုးပြီဆို ထတော့။ ဒီနေ့ Hyung နဲ့အတူ သွားစရာတစ်နေရာရှိတယ်"

အိပ်ချင်ယောင် ဆောင်နေတဲ့ Yoongi မျက်လုံးတွေ ပွင့်လာပြီး

"ဘယ်သွားမှာလဲ"

Hoseokက သူ့ဆံပင်လေးတွေကို သပ်တင်ပေးရင်း

"ရေအရင်ချိုးပေးမယ်"

ဟုဆိုကာ အဝတ်မဲ့နေတဲ့ ကိုယ်ငယ်လေးကို စောင်နဲ့လုံးကာ ဆွေ့ကနဲ ပွေ့ချီသွားသည်။

"ရား ... Jung Hoseok သာသာလုပ်ဟ။ ဟွန့် မစာမနာ"

"ဟားဟား hyung အရင်စခဲ့တာလေ"

ရေနွေးစပ်ထားတဲ့ ကန်ငယ်လေးထဲ ကိုယ်ငယ်လေးကို ချပေးကာ Hoseok ဆပ်ပြာအမြှုပ်တွေနဲ့ ပွတ်တိုက်ပေးနေလိုက်သည်။

ရေထိလိုက်တော့ လန်းလာတဲ့ Yoongi က Hoseok ရေချိုးပေးတာကို ဇိမ်ခံနေလေရဲ့။

"Hyung .... ငြိမ်ငြိမ်နေလေဗျာ"

ရေလောင်းပေးနေတာကို အငြိမ်မနေဘဲ ကန်ထဲကရေတွေနဲ့ သူ့ကိုလှမ်းပက်နေတဲ့ hyungငယ် ကြောင့် Hoseok ရင်ဘတ်တစ်ခုလုံး ရေတွေ စိုရွှဲလို့ နေသည်။

အကောင်ငယ်လေးကတော့ သဘောတကျဖြင့် ကလေးလေးလို ရယ်မောကာ မရပ်မနား ပက်သည်။

Hoseok လည်းမြန်မြန်ချိုးပေးပြီး တဘက်လေးပတ်ပေးကာ ကုတင်ထက် ကို ပြန်ပွေ့ချီကာ ချပေးလိုက်သည်။

အမေရိက ကပြန်မလာခင် hyungငယ်နဲ့သူ Couple ဝတ်ဖို့ ဝယ်ထားတဲ့ ဝတ်စုံလေးနှစ်စုံကို ထုတ်လိုက်သည်။

အင်္ကျီကော ဘောင်းဘီရှည်ပါ အဖြူရောင်လေးဖြစ်ပြီး အပေါ်က အပြာရောင် လက်ရှည်လေးတစ်ထည်စီရယ် ၊ အပြာရောင် ဦးထုပ်ဝိုင်းလေး တစ်ယောက်တစ်ခုစီရယ် ။

Heartbeat Of Kiss (Completed)Where stories live. Discover now