Extra

817 44 29
                                    

ကျရောက်ခဲ့ပြီ ။
Hyung ကော သူကော စောင့်မျှော်နေခဲ့ရတဲ့ နေ့လေးကို ကျရောက်ခဲ့ပြီ။

စင်မြင့်ထက်က အဖြူရောင်သတို့သားဝတ်စုံဖြင့် Hoseokဟာ သူ့ဖခင်ရဲ့လက်ကိုတွဲကာ ကော်ဇော်နီနီတွေကို ဖြတ်နင်းရင်း သူ့ဆီလျှောက်လာနေတဲ့ သူနှင့်ဆင်တူ အနက်ရောင်သတို့သားဝတ်စုံလေးနဲ့ ကြင်နာရသူလေးကို မြတ်နိုးမဝနိုင်စွာသော အကြည့်များဖြင့် ကြည့်နေသည်။

အဖိုးဖြစ်သူကိုယ်တိုင် စီစဥ်ပေးတဲ့ Hoseok နဲ့ Yoongi ရဲ့ မင်္ဂလာပွဲကြီးဟာ ခမ်းနားကြီးကျယ်စွာ ကျင်းပနေသည်။

မင်္ဂလာရှိသော တီးလုံးသံနှင့်အတူ ချစ်ရတဲ့ hyung ငယ်က သူ့ဖခင်ရဲ့လက်ကို တွဲကာ လျှောက်လာသည်မှာ သူ့အနားပင် ရောက်လို့နေပြီ။

မျက်နှာချင်းဆိုင်မှာ ရပ်လိုက်တဲ့ Hyung ကို Hoseokက ငုံ့မိုးကြည့်ကား နား,အနားလေးကပ်လိုက်ပြီး

"ကျွန်တော့်သတို့သားလေးက သိပ်လှတယ်ဗျာ"

ဟု နူးနူးညံ့ညံ့ဆိုမိသည်။

နား,နားထိကပ်သွားတဲ့ ခပ်နွေးနွေးလေသံလေးအဆုံးမှာ Yoongi က ရှက်သွားဟန် ပြုံးကာ ခေါင်းကို ငုံ့ထားသည်။

ရဲတက်လာတဲ့ ပါးမို့မို့လေးနှစ်ဖက်ကို မွှေးကြူပစ်ချင်စိတ်အား Hoseok ထိန်းထားရင်း ဖာသာရှေ့မှာ ကတိသစ္စာတွေအပြန်အလှန်ဆိုကာ ... ဖာသာ ရဲ့ "အနမ်းပေးလို့ရပါပြီ" ဆိုတဲ့ စကားကိုသာ စောင့်ဆိုင်းနေလိုက်သည်။

လက်ထပ်လက်စွပ်လဲလှယ် ပေးရမဲ့ အချိန်ရောက်တော့ သူတို့ရဲ့သုံးနှစ်အရွယ် သားလေး Jung Yoonseok က လက်စွပ်ဘူးလေးထည့်ထားတဲ့ ဗန်းလေးကို ကိုင်ကာ သူတို့အနားရောက်လာသည်။

Yoongiလိုပဲ ဖြူဖွေးလွန်းတဲ့ အသားအရေနဲ့ Yoonseok လေးဟာ နက်​ပြာရောင် suitသေးသေးလေးနဲ့ လိုက်ဖက်စွာချစ်ဖို့ကောင်းလှသည်။

Yoongi လေးနဲ့တူလွန်းလှတဲ့ Yoonseok လေးကို ကြည့်ချင်အားဖြင့် Yoonseok ရဲ့အမေရင်း ဖြစ်သူ Hoseok ရဲ့အဒေါ်ဟာ Yoongi လေးအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာ သိသာလှသည်။

Hoseok ကိုယ်ကိုကိုင်းကာ ဖက်ထုပ်ဖြူပေါက်စလေး ရဲ့ပါးကို အသာဆွဲညစ်လိုက်ပြီး လက်သေးသေးလေးနဲ့ ဖွင့်ပေးထားတဲ့ လက်စွပ်ဘူးလေးထဲက လက်စွပ်လေးကို ယူလိုက်သည်။

Heartbeat Of Kiss (Completed)Where stories live. Discover now