15

598 56 7
                                    

"ပြိီးတော့လေ ... ငါမင်း နဲ့လက်ထပ်ပြီးရင်လည်း မင်းနဲ့အတူတူ အလုပ်လုပ်ချင်တယ် Hoseok။ မင်းကို မှီခိုရတာထက် ကိုယ့်အားလည်း ကိုယ်ကိုးတတ်ချင်တယ်။ တခြားသူတွေ အမြင်မှာ ငါကဘယ်တော့မှ မပျော့ညံ့ချင်တာ မင်းသိပါတယ်။ မင်းတစ်ယောက် တည်း အပေါ်ပဲ ချွဲပြီး ဆိုးမှာ"

ပြောရင်း ရင်ခွင်ထဲ တိုးဝင်လာပြန်တဲ့ ခေါင်းလုံးလုံးလေး အား Hoseok အမြတ်တနိုး မွှေးကြူမိသည်။

"Hyung က ဒီလိုဆိုမှတော့ ကျွန်တော်က hyung တက်လမ်းကို ဘယ်ပိတ်ပင်လို့ဖြစ်ပါ့မလဲ"

ရင်ခွင်ထဲက အကောင်ပေါက်ငယ်က သူ့ကိုမော့ကြည့်ကာ သွားတန်းညီညီလေးတွေပေါ်အောင် ပြုံးရင်း သူ့နှုတ်ခမ်းထက်ကို လှမ်းနမ်းသည်။

'ပြွတ်'

ထိကပ်ရုံကပ်ပြီး ပြန်ခွာသွားတဲ့ ခေါင်းလုံးလုံးလေးကို Hoseok ပြန်ထိန်းကိုင်လိုက်ပြီး အောက်စီဂျင်တွေ ပြတ်လပ်သည်အထိ တမေ့တမော နမ်းရှိုက်မိသည်။

ထိုစဥ် ဝင်လာတဲ့ ဖုန်းသံကြောင့် အနမ်းတို့ လက်စသတ်ကာ ကျစ်တစ်ချက်စုပ်ရင်း ကိုင်လိုက်တဲ့ Hoseok ။

"ဟဲလို"

"အင်း ငါ ... ပြော"

မျက်မှောင်ကြီးကြုံ့ပြီး ဖုန်းထဲက အဖျက်သမားကို မကျေနပ်တဲ့လေသံနဲ့ပြောနေတဲ့ Hoseok အား Yoongi ရယ်မိသည်။

ထို့နောက် Hoseok က Yoongi ကိုတစ်ချက်ကြည့်ကာ

"ကောင်းပြီလေ"

"ဘယ်သူလဲ Hoseok"

ဖုန်းကို ချကာ ရုတ်တရက် သူ့အားမျက်မှောင်ကြီး ကြုံ့ကာ ကြည့်လာတဲ့ Hoseok ကြောင့် Yoongi ကြောင်သွားမိသည်။
သူဘာလုပ်မိလို့လဲ ...။

"Hyung ဘာလို့ ကျွန်တော့်ကို မောင် လို့မခေါ်တော့တာလဲ"

အော် ... လက်စသတ်တော့ ဒါကြောင့်ကိုး။

Yoongi သူ့ဂုတ်သူပွတ်ကာ
"ငါ ... အဟမ်း ခေါ်နေမကြသေးလို့ပါ"

Hoseokက ခပ်ပြုံးပြုံးမျက်နှာထားနဲ့ Yoongi မျက်နှာနား တိုးကပ်လာပြီး

"ဒါဆို အခုကစပြီး ခေါ်နေကြအောင် ခေါ်ကြည့်"

Yoongi မော့အကြည့် ... မျှော်လင့်တကြီးစောင့်စားနေတဲ့ မျက်ဝန်းတစ်စုံဖြင့် အကြည့်ဆုံမိလေတော့ .... ခေါင်းလေးငုံ့ကာ သူအလိုရှိသည့် နာမ်စားလေးကို ဆိုမိသည်။

Heartbeat Of Kiss (Completed)Where stories live. Discover now