ပိုး ၁လ နားမယ်ပြောပြီး ၂လ နီးပါးလောက်ပျောက်သွားတာ တောင်းပန်ပါတယ်ရှင့်......ပိုး အချိန်က ဘယ်လိုမှ ညှိလို့မရလို့ပါ......အခုတောင် မနည်းဖဲ့ပြီး ပြန်ပေးနေရတာ......အနည်းဆုံး ၁ ပတ်တော့ ၃ ပိုင်းလောက် တင်နိုင်အောင် ကြိုးစားပေးပါ့မယ်နော်....အဲ့ထက် ပိုချင်လည်း ပိုနိုင်ပါတယ်ရှင့်... .🙏🙏🙏
______________________________________________________________________________________မွေးဖွားလာနိုင်ချေ ရှိတယ်။
မုယိဖန် နိုးလာသောအခါ သူနှင့် ရင်းနှီးသော မျက်နှာကျက်ကို မြင်လိုက်ရပြီး သူ၏ မျက်လုံးများက သံသယဖြင့် တောက်ပလာသည်။ ဒါသူ့အခန်းလား?
သူခေါင်းကို လှည့်ကြည့်လိုက်သောအခါ ကျန်းကောစုန်း၏ နူးညံသော မျက်နှာကို မြင်လိုက်ရသည်။ သူက သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး အက်နေသော အသံဖြင့် ပြောသည်။ " စိတ်ပူနေတာလား?......ရမ်းကု....."
ကျန်းကောစုန်းက စိတ်လှုပ်ရှားစွာ ပြောသည်။ "ကောင်းလိုက်တာ၊ မင်း နောက်ဆုံးတော့ နိုးလာပြီ။ မင်းသာ နိုးမလာဘူးဆိုရင် တခြားသူတွေက ငါ့ကို တကယ်ရမ်းကုဆိုပြီး ထင်သွားကြအုံးမယ်။ "
" ကျွန်တော် ဘာဖြစ်သွားတာလဲ? " မုယိဖန်က သူအရမ်း ဗိုက်နာနေခဲ့တာကိုပဲ မှတ်မိပြီး နောက်ဆုံးမှာတော့ သူ့အသိစိတ်က ပိုပိုပြီး မရှင်းမလင်း ဖြစ်သွားပြီး အဲ့နောက်မှာတော့ ဘာဆက်ဖြစ်သွားမှန်း သူမသိတော့ချေ။ အတိုချုပ်ပြောရရင် သူသည် အကြာကြီး အိပ်ပျော်သွားသည်ဟု ခံစားမိသည်။
ကျန်းကောစုန်းက သက်ပြင်းချလိုက်ပြီး " မင်းကလေးက ဒေါသထွက်သွားတာ......."
မုယိဖန်က ကိုယ်ဝန်ရှိနေသည်ကို မယုံကြည်သည်ကို တွေးမိပြီး သူက လျင်မြန်စွာပင် ခေါင်းစဥ်ပြောင်းလိုက်သည်။ " မင်း အိပ်နေတာ ဘယ်လောက်ကြာနေပြီလဲ သိလား?"
အဲ့တော့ မုယိဖန်က " ကျွန်တော် အိပ်နေတာ ဘယ်လောက်ကြာပြီလဲ? "ဟု မေးသည်။
ကျန်းကောစုန်းက လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး " ရက်နှစ်ဆယ်၊ မင်းအိပ်နေတာ ရက်နှစ်ဆယ်တောင်ဟ ရှိပြီ။ " ဤရက်နှစ်ဆယ် ဘာဖြစ်နေမှန်း မသိချေ။ ကျနိးပေထျန်း၏ အကြည့်များဖြင့် အေးခဲမခံရခြင်းသည် ကြီးမြတ်သော ကံဇာတာ ဖြစ်သည်။
YOU ARE READING
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်