အခြားယောက်ျားရဲ့ မျက်နှာကို မထိနဲ့လေသူတို့ စန်းဇီဟောင်၏ အခန်းထဲသို့ ဝင်သွားသောအခါတွင် စန်းဇီဟောင်သည် အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး အိပ်မက်ဆိုး မက်နေသလို တုန်နေကာ၊ အထူးနာကျင်လာပြီး၊ နီမြန်းလာသည်ကို တွေ့လိုက်ရသည်။
မုယိဖန် သည် ကျန်းပေထျန်းနောက်မှ ကုတင်ပေါ်သို့ လိုက်သွားပြီး စန်းဇီဟောင် ၏ မျက်နှာပေါ်သို့ သူ့လက်ညိုးလေးကို စပ်စုပြီးတင်လိုက်သည်။
လက်အိတ်အလွှာနှင့်ပင် တစ်ဖက်လူ၏ အပူချိန်ကို ခံစားနိုင်သည်။
မုယိဖန်က သူ့လက် မြှောက်ရုံသာရှိသေး....
ကျန်းပေထျန်းက သူ့မျက်နှာကို စောင်းကြည့်ပြီး " မင်းဘာလုပ်နေတာလဲ? " ကျန်းပေထျန်းက မကျေနပ်စွာ မျက်တောင်ခတ်ပြီးပြောသည်။ " တခြားယောက်ျားတွေရဲ့မျက်နှာကို လက်လွှတ်စပယ် မထိနဲ့ "
မုယိဖန် " ..... "
လူတိုင်းက ယောက်ျားလေးပဲလေ။ တခြားယောကျာ်းလေးတွေရဲ့ မျက်နှာကို သူထိလိုက်တာနဲ့ သူ့မျက်နှာက ဘာဖြစ်သွားတာလဲ?
သူက မတော်တရော်ပြုတဲ့သူကြနေတာပဲ?
ရှန်းကော " ..... "
ဘော့စ်၊ အခု မနာလိုဖြစ်ရမယ့်အချိန်မဟုတ်ဘူး။
ကျန်းပေထျန်းက စန်းဇီဟောင်ကို ကြည့်ရင်း "ဒါက ပုံမှန်ဖြစ်စဉ်ပါပဲ၊ စန်းဇီဟောင် ရှင်သန်နိုင်တာကို ကြည့်ကြတာပေါ့။"
ရှန်းကောက အရမ်းစိုးရိမ်သံားသည်။ "သူသာ ရှင်သန်နိုင်ရင်ပေါ့.....မဟုတ်ရင်တော့..... သူက......."
ဒီလိုပြောပြီး ရှန်းကောက မုယိဖန် ဒီအခန်းထဲမှာ ရှိနေသေးသည်ကို မြန်မြန်ဆန်ဆန်ပဲ တွေးလိုက်မိပြီး ရပ်တန့်လိုက်သည်။
ရှန်းကောက စန်းဇီဟောင်သည် ဇွန်ဘီ ဖြစ်လာမည်လားဟု မေးချင်ကြောင်း မုယိဖန် သိပြီး မနေနိုင်ပဲ ကျန်းပေထျန်းကို တစ်ချက်ကြည့်လိုက်မိသည်။
အဲ့ဒီအချိန်တုန်းက အမျိုးသားဇာတ်လိုက်၊ ရှန်းကော၊ စန်းဇီဟောင်၊ မောင်းယု၊ လုလင်းတို့က စွမ်းရည်ရရှိသူ ဖြစ်လာပြီး သူတို့ဟာ ဇွန်ဘီ ဖြစ်မလာသည့်အတွက် ဒုတိယကမ္ဘာမှာလည်း သူတို့က ဇွန်ဘီ ဖြစ်လာမည် မဟုတ်ပေ။

ESTÁS LEYENDO
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်