Chapter 113 : ဒီလို လူသိရှင်ကြား ကြည်နူးတာကို သင်မြင်ဖူးလား?
မုယိဖန်သည် ကြောင်ကြည့်နေပြီး ချောမောသော မျက်နှာကို အနီးကပ် လှမ်းကြည့်သည်။ ရုတ်တရက် သူသည် အားကိုးရာမဲ့ပြီး စိတ်ရှုပ်ထွေးသွားသည်။ သူ ဘယ်လိုတုံ့ပြန်ရမှန်းတောင် မသိတော့ဘူး။
သူ့လက်ထဲက သလင်းကျောက်က မြေပြင်ပေါ် ကျသွားတာကိုတောင် သတိမထားမိဘူး။
သို့သော်လည်း ကျန်းပေထျန်း၏ ပူပြင်းသောထွက်သက်ဝင်သက်က သူ့မျက်နှာတွင် တဖျပ်ဖျပ်ခတ်နေပြီး နှလုံးခုန်သံသည် သမင်တစ်ကောင်လို ပြေးလွှားနေသလို ရုတ်တရက် တုန်ခါသွားကာ ပြင်းထန်လွန်းလှသည်။
ကျန်းပေထျန်းသည် နက်နက်ရှိုင်းရှိုင်း မထိပဲ စူးရှသော အထိအတွေ့လေးများကဲ့သို့ပင် သူ၏နှုတ်ခမ်းများသည် မုယိဖန် ၏နှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူ့ လှုပ်ရှားမှုသည် အလွန်ညင်သာလှသည်။
လမ်းသွားလမ်းလာများ သတိမထားမိခင်မှာပဲ မုယိဖန်ကို အမြန်လွှတ်လိုက်ပြီး မုယိဖန်၏ ရူးကြာင်ကြောင် မျက်နှာကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရယ်စရာကောင်းသာ့် အပြုံးများနှင့် လင်းလက်သွားသည်။
သူသည် မြေပြင်ပေါ်ရှိ ကြည်လင်သော သလင်းကျောက်ကို ကုန်းပြီး ကောက်ယူလိုက်သည်။ ထို့နောက် မုယိဖန် ၏လက်ကို ဆွဲကာ ယာယီကုန်သွယ်ရာနေရာမှ ထွက်သွားကြသည်။
မုယိဖန်သာ် အချိန်တော်တော်ကြာကြာ ကြောင်အနေပြီး အမျိုးသား ဇာတ်လိုက်က သူ့ကို တကယ်နမ်းခဲ့သည်ကို မယုံနိုင်သေးဘူး ဖြစ်နေသည်။
အမျိုးသား ဇာတ်လိုက်က ဆေးမှားသောက်တာလား။ မဟုတ်ရင် သူက ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် နမ်းနိုင်တာလဲ၊ ပြီးတော့ အဲ့သူက ရန်သူ ဖြစ်နေသေးတယ်။
အမျိုးသား ဇာတ်လိုက်က တကယ်တော့ သူ့ နဖူးကို နမ်းချင်တာဖြစ်သည်။ ဒါပေမယ် အနေအထားကြောင့် ရုတ်တရက် သူ မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကို နမ်းမိသွားတာ ဖြစ်နိုင်တယ်။
မုယိဖန်က ရှုပ်ထွေးနေပြီး သူ့ ရှေ့ကလျှောက်နေတဲ့လူကို ကြည့်လိုက်သည်။ သူက အချိန်အကြာကြီး မတည်ငြိမ်ဘဲ သူ့နှလုံးခုန်သံက အရင်အတိုင်းပဲ အခုန်မြန်နေသည်။
CZYTASZ
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romansအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်