Chapter 117: သတင်း
ကျန်းပေထျန်းသည် မုယိဖန်ကို တွေ့တော့ သူချက်ချင်း အရှိန်လျှော့ပြီး လှေကားမှ တစ်ဆင့်ပြီး တစ်ဆင့်ဆင်းလာသည်။
မုယိဖန်သည် ကျန်းပေထျန်း အလွန်စိုးရိမ်နေသည်ကို မြင်လိုက်ရပြီး တစ်ခုခုဖြစ်မည်ဟု တွေးကာ ကျန်းပေထျမ်းကို လမ်းလွှဲလိုက်သည်။
သို့သော် လှေကားထောင့်နားသို့ လျှောက်သွားသောအခါ ကျန်းပေထျန်း သည် ရုတ်တရက် နောက်လှည့်ကြည့်ကာ သူ့နောက်သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
"အဲဒီလူက ဘာလို့ မုယိဖန်ဆီကို နေ့တိုင်းလာနေတာလဲ၊ သူက ဘော့စ်ရဲ့ လူကို ခိုးဖို့ကြိုးစားနေတယ်လို့ မင်းထင်နေတာလား? "
မုယိဖန်သည် တတိယထပ်သို့သွားနေစဥ် စတုတ္ထထပ်တွင် မောင်းယု၏အသံကို ကြားလိုက်ရသည်။
"မဟုတ်ရင် သူ ဒီကို နေ့တိုင်း လာမှာ မဟုတ်ဘူးလို့ ငါထင်တယ်...... မင်းစဉ်းစားကြည့်..... ဒီလူက အရမ်းကိုမှ ဇွဲကောင်းတယ်။ ငါ သူ့လာရင် မပြောဖို့ လူတွေကို ပြောထားပြီးသားပဲ....."
"အဟမ်း !"
စန်းဇီဟောင်က ပြောစကားမဆုံးသေးခင် ကျန်းပေထျန်း အောက်ထပ်ကို ဆင်းလာရင်း ချောင်းဆိုးသံကို သူကြားလိုက်ရပြီး စကားမြန်မြန် ရပ်လိုက်သည်။
သူ အောက်ထပ်ကို ငုံ့ကြည့်လိုက်တော့ မုယိဖန်နှင့် ကျန်းပေထျန်းက အပေါ်ထပ်ကို တက်လာတာကို တွေ့လိုက်ရသည်။
စန်းဇီစောင်က အမြန်ပြန်လှည့်ပြီး မောင်းယုနဲ့ လုလင်းကို တိတ်တဆိတ်ပြောသည်။ "အဲ့ဒါက မုယိဖန်နဲ့ ဘော့စ်ပဲ။ "
မောင်းယုနဲ့ လုလင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စကားမပြောကြတော့ပေ။
မုယိဖန်က သူတို့ ဖြတ်သွားတဲ့အခါ ခေါင်းညိတ်ပြီး နှုတ်ဆက်ကာ ဘာမှ မပြောဘဲ ငါးထပ်ကို တန်းတန်းမတ်မတ် တက်သွားတော့သည်။
နောက်မှ ကျန်းပေထျန်း သည် စန်းဇီဟောင် ကိုဖြတ်သွားတော့ စန်းဇီဟောင်ကို ကြည့်လိုက်ပြီးနောက် ပဉ္စမထပ်သို့ လိုက်သွားခဲ့သည်။
![](https://img.wattpad.com/cover/295163152-288-k26454.jpg)
ESTÁS LEYENDO
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်