အခန်း 119 : မေ့လိုက်တော့! ငါသေပါရစေ
ကျန်းပေထျန်းသည် သူ့ရင်ခွင်ထဲတွင် ရွေ့လျားနေသော လူကို ကြည့်လိုက်ရာ သူ့မျက်လုံးများသည် အခိုက်အတန့် ကြည်နူးမှုတို့ဖြင့် ပြည့်နှက်နေသည်။
မု-မုက မုယိဖန် ဖြစ်သည်ကို သူရှာဖွေတွေ့ရှိပြီးကတည်းက မုယိဖန်သည် သူ့ကို ချဉ်းကပ်ရန် မည်သည့်အခါမှ အစပြုခြင်းမရှိခဲ့ပေ။ အခုတော့ သူက သူ့လက်မောင်ကြားထဲ ရွေ့လာတယ်ဆိုတော့ စပါးဒိုင်မှာ အရင်က သူ၏ နားလည်မှုလွဲမှားခြင်းကို ခွင့်လွှတ်လိုက်တယ်လို့ ဆိုလိုတာလား?
ကျန်းပေထျန်းသည် မုယိဖန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး နဖူးကို နမ်းလိုက်ကာ မျက်လုံးကိုမှိတ်လိုက်သည်။
သို့သော် သူ့လက်ထဲတွင်ရှိသောလူသည် အလွန်ဂနာမငြိမ်ဖြစ်နေသည်၊ သူ၏အောက်ပိုင်းကိုယ်ခန္ဓာသည် တဆတ်ဆတ်တုန်နေပြီး၊ ရှေ့လှည့် နောက်လှည့်နှင့် နောက်ဆုံးတော့ သူ့ ဖင်ကို သူ့ဘက်သို့လှည့်လိုက်သည်။
ကျန်းပေထျန်းသည် တစ်ခုခုမှားနေပြီဟု ခံစားမိပြီး နက်မှောင်သော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကာ "မင်းဘာလုပ်နေတာလဲ? "
အသံကြားတော့ အိပ်ငိုက်နေတဲ့ မုယိဖန် က မျက်လုံးဖွင့်ပြီး ခန္ဓာကိုယ်ကို ခါယမ်းလိုက်သည်။ "ငါ ချမ်းလို့......."
ကျန်းပေထျန်း "......"
အေးတဲ့လူက တစ်ကိုယ်လုံး တုန်နေမှာ မဟုတ်ဘူး ?
သူက သူ့ကိုယ်အောက်ပိုင်းကို မည်သို့ တုန်နေနိုင်မည်နည်း?
ကျန်းပေထျန်းက မျက်မှောင်ကြုတ်ပြီး "မင်းက ဘယ်လိုလုပ် ချမ်းနိုင်မှာလဲ?"
ဇွန်ဘီဟာ အအေးဓာတ်နဲ့ အပူကို မခံစားရပေ။ အဲ့တော့ သူက ဘယ်လိုလုပ်ပြီး အေးနေနိုင်တာလဲ?
"ဘာတွေဖြစ်နေလဲ မသိဘူး။ တိုတိုပြောရရင် ငါ့ဖင်က အရမ်းအေးနေတယ်..." မုယိဖန်သည် ကျန်းပေထျန်း ရှေ့ကို လှည့်ပြီး မှီလိုက်သည်။ "ငါ့ ညီလေးက🌚 ငါ ကိုယ်တုံးလုံးနဲ့ မတ်တပ်ရပ်နေတယ်လို့ ခံစားချက်ပေးနေတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်မှာ အေးစက်တဲ့လေက မှုတ်ထုတ်လိုက်ပြီး ညီလေး🌚က ရေခဲ ဖြစ်သွားသလိုပဲ။ "
ESTÁS LEYENDO
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်