Chapter 114 : ငါ့လူကို ခိုးဖို မင်းကို ဘယ်သူပြောလဲ?
မုယိဖန်က အခန်းထဲပြန်ဝင်ကာ ကုတင်ပေါ်တွင် လှဲလိုက်သည်။
သူ ကျန်းပေချန်းကို တွေ့ရမည်ဟု တွေးနေသရွေ့တော့ သူစိတ်တွေက စိုးရိမ်လာပြီး အိပ်မပျော်ဘဲ အိပ်ယာပေါ်၌ ဟိုဘက် ဒီဘက် လှည့်နေသည်။
သို့သော်လည်း ကောင်းကင်သည် မှောင်လာသော်လည်း ကျန်းပေထျန်းသည် အခန်းထဲသို့ ပြန်မလာသေးပေ။
မုယိဖန်က ကျန်းပေထျန်းလည်း စိတ်ထဲမှာ ရှက်နေသည်ဟု တွေးနေသည်။ ထို့ကြောင့် အခုချိန်ထိ အခန်းထဲကို ပြန်မလာသေးပေ။
ရုတ်တရက် စိတ်သက်သာရာရစွာ သက်ပြင်းချပြီးနောက် သူ့စိတ်ထဲ တည်ငြိမ်လာသည်။
ထို့နောက် တံခါးဖွင့်သံကို ကြားလိုက်ရပြီး အဝတ်အစားချွတ်လိုက်သော အသံနှင့်အတူ စောင်ကို ဆွဲလိုက်သည်ကိို ခံစားလိုက်ရသည်။
မုယိဖန်သည် ကျန်းပေထျန်း ပြန်လာပြီဟု ယောင်ဝါးဝါးထင်ခဲ့သည်။
အာ့ ?
ကျန်းပေထျန်း ပြန်ရောက်ပြီလား။ !!!!!
မုယိဖန်သည် မျက်လုံးဖွင့်ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
သူက အခု စွမ်းအားမြင့် ဇွန်ဘီ ဖြစ်နေလို့လား မသိဘူး.... အမှောင်ထဲမှ ကျန်းပေထျန်း၏ လှပသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထို့အပြင် သူ၏အမြင်အရ ကျန်းပေထျန်း၏ မျက်တောင်ရှည်များက ပို၍ရှည်လျားသော မျက်လုံးများကို ကြည့်ရသည်နှင့် မရိုးမဖြောင့်သော နှုတ်ခမ်းပါးပါးတို့သည် ထွင်းထုထားသည့် သစ်သားကဲ့သို့ နက်နဲသော ချောမောသော မျက်နှာနှင့် လိုက်ဖက်ကာ အိပ်ပျော်နေသော ဘုရင်ကဲ့သို့ အရှိန်အဟုန်က ဆွဲဆောင်မှုရှိသည်။
မုယိဖန်သည် ပေါ့ပါးသောလက်ဖြင့် ကျန်းပေထျန်းဆီသို့ လှမ်းရွှေ့လိုက်ပြီး ပိုမိုနီးကပ်လာသောကြောင့် ကျန်းပေထျန်း၏ မျက်နှာကို ပိုမိုရှင်းလင်းစွာမြင်နိုင်လေသည်။
သို့သော် သူ ကျန်းပေထျန်း၏ ချောမောသော မျက်နှာ အနီးသို့ ချဉ်းကပ်လာစဉ်တွင် သူ့နှလုံးသားသည် မထိန်းချုပ်နိုင်တော့ဘဲ အရူးအမူး ခုန်နေသည့် နှလုံးခုန်သံတစ်ခု ထွက်ပေါ်လာသည်။
![](https://img.wattpad.com/cover/295163152-288-k26454.jpg)
ESTÁS LEYENDO
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်