Chapter 118 : ဒီခံစားချက်က ဘာလဲ?
ကျန်းပေထျန်းသည် ကုလားထိုင်၏ လက်မောင်းပေါ်တွင် ထိုင်လိုက်ပြီး သူအလုံးစုံကို တွေးနေသကဲ့သို့ သူ့မျက်ခွံများ ငိုက်စိုက်ကျနေသည်။
ရှန်းကောက "သာမန်လူတွေကို သံသယတွေအဖြစ် တိုက်ရိုက် ဖယ်ထုတ်ပစ်နိုင်သင့်ပါတယ်။ အခု သာမန်လူတွေက စွမ်းရည်ရှိတဲ့လူတွေကို သတ်နိုင်တဲ့ စွမ်းရည်ရှိဖို့က ခဲယဉ်းနေပြီ။ ဒါပေမယ့် အခုအချိန်မှာ စွမ်းရည်ရှိတဲ့လူတွေ လိုအပ်နေတာကို ဘာလို့ အဲ့လူတွေက စွမ်းရည်ရှိတဲ့ လူတွေကို သတ်ပစ်ချင်နေတာလဲ? လူသတ်သမားက ကျော်ကြားချင်တာကြောင့် စွမ်းရည်ရှိတဲ့လူတွေကို သတ်ချင်နေတာလား ဒါမှမဟုတ် တခြားရည်ရွယ်ချက်အတွက်လား? ”
ကျန်းပေထျန်း၏ မျက်နှာဟာ အနည်းငယ် မမှောင်မည်းနေသည်။ "စွမ်းရည်ရှိတဲ့လူတွေကို စွမ်းရည်ရှိတဲ့လူတွေက သတ်ပစ်တာမဟုတ်ဘူး။"
" အဲ့ဒါက ဘာလဲ? "
ကျန်းပေထျန်းက တရားထိုင်နေသည့် မုယိဖန် ကိုကြည့်လိုက်သည်။ "ဇွန်ဘီ တစ်ကောင်ပဲ၊ စွမ်းရည်ရှိတဲ့ လူတွေကို သတ်နေတာ ဇွန်ဘီပဲဖြစ်လောက်တယ်။ "
မုယိဖန်က ခေါင်းကို မော့ပြီး ကျန်းထျေန်းကို ချက်ချင်းကြည့်လိုက်သည်။
အကယ်၍ ကိစ္စတွေက ကျန်းပေထျန်းပြောသလိုသာဆိုရင် အဲ့တာ ကျနကျားမင် ဖြစ်လောက်နည်။
ဝတ္ထု၏ဇာတ်လမ်းအရဆိုရင် ကျန်းကျားမင် သည် ယခုအချိန်တွင် ဝတ္ထုထဲတွင် K City တွင်ရှိနေပြီး လူသားများကို အလွန်ရွံရှာသောကြောင့် သူသည် အသများကို မစားလောက်ပေ။ ဒါပေမယ့် သူ၏ စွမ်းအားအဆင့်ကို မြှင့်တင်ရန် စွမ်းရည်ရှိသော လူများ၏ ကြည်လင်သော အမြူတေကိုတော့ တူးပေလိမ့်မည်။
"ဇွန်ဘီ တစ်ကောင်လား? " ရှန်းကောသည် လိပ်ကဲ့သို့ နှေးကွေးပြီး လှုပ်ရှားနေသော ဇွန်ဘီ များအကြောင်း ချက်ချင်း တွေးလိုက်မိသည်။ စွမ်းရည်ရှိတဲ့ လူတွေကို ဘယ်လိုသတ်နိုင်မလဲဆိုတာ စိတ်ကူးကြည့်ဖို့ခက်ခဲသည်။ "ဒါက...... ဒါက မဖြစ်နိုင်လောက်ဘူး။ "
CZYTASZ
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romansအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်