အခန်း 129

1.9K 396 8
                                    


အခန်း 129- ငါက ဇွန်ဘီလို့ ဘယ်သူပြောတာလဲ?



စစ်သားများနှင့် လုလင်းတို့အပြင် တိုက်ခန်းအဆောက်အအုံရှိ အသက်ရှင်ကျန်ရစ်သူများသည် ပတ်ဝန်းကျင်မှာ အအေးဓာတ်တိုးလာသလို ခံစားရသည်။

မုယိဖန်က ဇွန်ဘီ?

မုယိဖန်က တကယ်ပဲ ဇွန်ဘီလား?

" ငါက သူ့ကို တကယ်ကာကွယ်နေတဲ့ ကောင်ပဲ။"ကျန်းပေထျန်းက ခပ်တည်တည်ပဲ ပြောသည်။

“မင်း…...” ခေါင်းဆောင်တစ်ယောက်က လှောင်ပြောင်ပြီး သူ့ခန္ဓာကိုယ်မှ မီးတောက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

သို့သော် တစ်ခုခုလုပ်ရန် စောင့်ဆိုင်းနေသူ တစ်ယောက်မျှမရှိ၊ သူ့တစ်ကိုယ်လုံး ရုတ်တရက်မလှုပ်ရှားနိုင်တော့ဘဲ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသလို ခံစားရပြီး တောင့်တင်းနေရုံသာမက အလွန်အေးစက်လာကာ ပါးစပ်တောင် မဖွင့်နိုင်တော့ပေ။

စွမ်းရည်ရှိသော အခြားလူများသည် သူတို့ခေါင်းဆောင်က ရေခဲတုံးကဲ့သို့ အေးခဲသွားသည်ကို တွေ့ရတော့ အံ့အားသင့်သွားကြသည်။

ဦးဆောင်သူသည် သူတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ သူသည် အားအကောင်းဆုံးဖြစ်ပြီး၊ အစွမ်းအရှိဆုံးဖြစ်သည်။ သို့သော် ယခု မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရေခဲထဲသို့ အေးခဲသွားသည်။ ကြည့်ရသည်မှာ တစ်ဖက်ကလူ၏ စွမ်းအားသည် သူတို့မယှဥ်နိုင်သော အဆင့်သို့ရောက်နေပြီ ဖြစ်သည်။

စစ်သားများနှင့် လုလင်းတို့အပြင် တိုက်ခန်းအဆောက်အအုံရှိ အသက်ရှင်ကျန်ရစ်သူများပင် ကျန်းပေထျန်း၏ စွမ်းအားကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

ခေါင်းဆောင်ရဲ့ဘေးနားက လူငယ်နှစ်ယောက်က သူတို့ရဲ့ခေါင်းဆောင်ကို ရေခဲထုပ်ပိုးထားသလို မြင်ပြီး သူတိူ့၏ စွမ်းအားများဖြင့် ကာ်တင်ရန် ချက်ခြင်းကြိုးစားကြသည်။

ကျန်းပေထျန်းက တစ်ချက်လှုပ်လိုက်တော့ သူတို့သည်လည်း သူတို့၏ခေါင်းဆောင်ကဲ့သို့ချက်ချင်း ဖြစ်သွားကြသည်။ ဦးဆောင်သူနှင့်အတူ လိုက်ပါလာသော အခြားအမျိုးသားများသည် လှုပ်ရှားရန် ကြောက်လန့်နေကြသည်။ “ဗိုလ်မှူး ကျန်း၊ မုယိဖန်က ဇွန်ဘီတစ်ကောင်ပါ။  ခင်ဗျား သူ့ကို ခင်ဗျား အဖွဲ့ထဲမှာထားထားရင် မကြာခင်မှာဘဲ ခင်ဗျားရဲ့အဖွဲ့ထဲက လူတွေကို နာကျင်စေလိမ့်မယ်၊သူတို့ ညတိုင်းသေကြတဲ့ စွမ်းရည်ရှိသူတွေလို သေကြရလိမ့်မယ်။ အဲ့တာတောင်မှ ခင်ဗျားက အတူတူနေချင်သေးတာလား?"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးDonde viven las historias. Descúbrelo ahora