သူ့အတွက် ပြင်ဆင်ပါစေအုံး
မုယိဖန်က သူ့လက်ကို အမြန်ပြန်ဆွဲထုတ်လိုက်ပြီး ကျန်းပေထျန်း၏ အိတ်ကပ်ထဲမှ ကြည်လင်နေသော အမြူတေကို ယူလိုက်သည်။
ရောင်စုံအလင်းများဖြင့် တောက်ပနေသော အမြူတေကို ကြည့်ပြီး အမျိုးသားဇာတ်လိုက်ဆီမှ အမြူတေကို အလွယ်တကူ ပြန်ယူနိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
မုယိဖန်သည် ရှေ့မှ ကျန်းပေထျန်းကို ကြည့်ပြီး သူက အတည်ပြုလေသံဖြင့် မေးလိုက်သည်။ " ဒီ အမြူတေကို ငါ့ကို တကယ်ပေးလိုက်တာလား?"
" ...... " ကျန်းပေထျန်းက သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး အမြူတေကို တစ်ချက်ကြည့်ကာ ဘာမှပြန်မပြောပေ။
မုယိဖန်က "မင်းငါ့ကိုပြန်ပေးလိုက်ပြီးရင်လည်း အမြူတေက စွမ်းအင်ထုတ်လိုက်တဲ့အခါ သေစေနိုင်မယ်လို့တော့ ငါ မထင်ထားမိဘူး။ အဲ့တာက တကယ်ဆိုးတာပဲ။"
ကျန်းပေထျန်း "......"
"ဘယ်လိုလုပ်မလဲ? မင်းကအရမ်းကိုမှ စေတနာသဒ္ဒါအားတွေ ထက်သန်နေတော့၊ ငါ့ကို မသက်မသာဖြစ်စေတယ်။"
ကျန်းပေထျန်းက သူ့ပါးစပ် ချဉ်သွားသလို ခံစားလိုက်ရတယ် " ....... "
" ငါပြောမယ်၊ မင်း တစ်ခုခုပြောမယ်လုပ်ပြီး အမြဲတမ်းပဲ မပြောဘူး။ " မင်းက အဲ့တာကိုသုံးပြီး အချိန်တိုင်း ငါ့ကို ခြိမ်းခြောက်မယ်လို့ ထင်နေတာ။
ကျန်းပေထျန်း " ...... "
"မင်း....."
ကျန်းပေထျန်းက ရုတ်တရက်လှည့်လာပြီး မုယိဖန် လက်ထဲမှ ကြည်လင်နေသော အမြူတေကို ပြန်ယူလိုက်ပြီး ရှေ့ကိုလှည့်သွားသည်။
မုယိဖန် ကြောင်ကြည့်နေတုန်းမှာပင် အမြူတေက ပါသွားပြီ။
သူက အသိပြန်ကပ်ပြီး အော်ဟစ်ကာ ကျန်းပေထျန်းဆီသို့ အပြေးအလွှားသွားသည်။ " ကျန်းထျေန်း၊ အမြူတေကို မင်း ငါ့ကို ပေးပြီးနေပြီလေ၊ မင်း အဲ့တာကို ပြန်ယူလို့မရဘူးလေ၊ မင်း ပြောတဲ့စကားလည်း မတည်ဘူး ~~~~ ~ ~"
မုယိဖန်သည် သူ့လက်ကို ဝှေ့ယမ်းကာ အမြူတေကို ပြန်ယူရန် ကြိုးစားလိုက်သည်။
![](https://img.wattpad.com/cover/295163152-288-k26454.jpg)
YOU ARE READING
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်