ပါးပါး....ပါးပါးက အရမ်းတုံးတာပဲ
မုယိဖန်က ခြံစည်းရိုးပေါ်ကို လဲကျမလို ဖြစ်သွားသည်။ လက်နှစ်ဖက်ဖြင့် လဲမကျအောင် မြန်မြန်ဆန်ဆန်ပဲ ခြံစည်းရိုးစီ ကိုင်ထားလိုက်မိပြီးတော့ လက်ဝှေ့ပြရင်း " ချင်းထျန်း မင်းဘယ်လိုရောက်လာတာလဲ မြန်မြန်ပြန်တော့" ဆိုပြီး အသံ တိုးပြီး ပြောလိုက်သည်။
မုချင်ထျန်းက မသွားသေးရုံတင်မကပဲ " သားကို ပါးပါးနဲ့တူတူ ကစားဖို့ ခေါ်မသွားရင် သား ဒယ်ဒီ့ကို ပြန်တိုင်ပြောလိုက်မယ်" ဆိုပြီး ခြိမ်းခြောက်နေသည်။
"ငါ နောက်နေတာ မဟုတ်ဘူး။" မုရိဖန်သည် ဘိုးဘေးလေးက ဒယ်ဒီဆိုပြီး ဘယ်သူ့ကို ခေါ်သည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။ အဲ့တာကြောင့် ဒယ်ဒီလို့ ခေါ်တာကို နှစ်ခါလောက် သေချာနားထောင်ပြီး " မင်းအဖေက ဘယ်သူလဲ? " ဆိုပြီး စပ်စုလိုက်သည်။
" ကျန်း.......ပေ.....ထျန်း"
မုယိဖန်က စိတ်အနှောက်အယှက်ဖြစ်စေသည့် ကလေးငယ်ကို အပြင်းအထန် စိုက်ကြည့်လိုက်သည် - "မင်း ခေါ်ရဲတယ်ပေါ့။ "
သူက လမ်းတစ်ဝက်မှာ ပြန် အဖမ်းမခံချင်ပေ။ ထို့ကြောင့် သူက မြေပေါ်ကို ဖြေးဖြေးချင်း ပြန်ဆင်းပြီး ကလေးကို ပုခုံးပေါ် တင်လိုက်သည်။ "ကိုင်ထား။ "
မုချင်ထျန်းသည် သူ၏ သေးငယ်သော လက်များဖြင့် မုယိဖန်၏ ခေါင်းကို ပွေ့ဖက်လိုက်သည်။
မုယိဖန်သည် နောက်တစ်ဖန် ခြံစည်းရိုးကို ပြေးတက်ရန် အားထုတ်မှုတစ်ခုကို ပြုလုပ်လိုက်သည်။ ထို့နောက် ခြံစည်းရိုးအပေါ်တွင် မိမိကိုယ်နှင့် ကလေးကို ဂရုတစိုက် လှည့်လိုက်သည်။
သူ မြေပေါ်သို့ ရောက်သောအခါ မျက်နှာချင်းဆိုင်ဘက်က လမ်းဆီသို့ အမြန်ပြေးသွားပြီး ကားသော့နှင့်အတူ ပိုင်ရှင်မရှိသော ကားကို တွေ့ပြီး လျင်မြန်စွာမောင်းထွက်ခဲ့သည်။
သူ ဗီလာနှင့် ဝေးရာကို ရောက်မှ စိတ်သက်သာရာရသွားပြီး သူခေါင်းကို ကလေးရှိသည့် ဘက်ခြမ်းကို လှည့်လိုက်သည်။ "ငါ မင်းကို အပြင်ကိုခေါ်လာခဲ့ပြီနော်....ကျန်းပေထျန်းကို အချက်ပြဖို့မကြိုးစားနဲ့တော့။"
CZYTASZ
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romansအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်