အပိုင်း(1)သူများတွေရဲ့အမြင်

5K 156 2
                                    

Uni

"ဒုန်း"

တံခါးဖွင့်သံကြောင့် အတန်းထဲကကျောင်းသားတွေရဲ့အကြည့်ကသူစီကိုရောက်လာတယ်။ဒါပေမဲ့သူကတော့ အဲ့အကြည့်တွေကို ဂရုမစိုက်ဘဲ ထိုင်နေကျခုံမှာသာ ခပ်တည်တည်ဝင်ထိုင်လိုက်တယ်။

"ရှောင်ကျန့် မင်းငါ့ရဲ့အချိန်ကိုမလေးစားရင် ငါသင်တဲ့စာကိုဝင်မသင်နဲ့အခုချက်ချင်းအပြင်ထွက်!လက်မြှောက်ထား!ငါ့စာသင်ချိန်မပြီးမချင်းအခန်းထဲဝင်မလာနဲ့!"

လီရင်းဟွာတစ်ယောက် အတော်ပင်ဒေါသထွက်ပါတယ်။ဒီကလေးကပြန်မပြောနားမထောင်လေး အုပ်ထိန်းသူလည်း မရှိဆုံးမမဲ့လူလည်းမရှိတော့ ဒီကလေးကဆိုးသွမ်းနေတာ ..

"ဆရာမအချိန်ပြ​ီးပြီဆိုတော့ အိမ်စာပေးထားတာတွေမနက်ဖြန်စစ်မယ်စာလုပ်ခဲ့ကြ"

"ဟုတ်ကဲ့ပါဆရာမလီ"

တကယ်စာလုပ်မလုပ်တော့မသိဘူး ကလေးတွေကပြန်ဖြေဖော်တော့ရသေးသား။

အတန်းပြင်ထွက်လာတော့အချစ်ဆုံးတပည့်လေးကိုမှာတန်းခြွေရပြန်တယ်..

"ရှောင်ကျန့်အတန်းချိန်ကို စောစောမလာရင်တောင် အချိန်မှီအောင်တော့လာပါ။အခုက​ေရာဘယ်သူနဲ့ရန်ဖြစ်လာပြန်​ြပီလဲ"

နှုတ်ခမ်းထောင့်ကဒဏ်ရာ ပါးတစ်ဖက်ကယောင်လို့ဒီကလေးက အမြဲဒဏ်ရာတွေနဲ့ပျက်တယ်မရှိဘူး

အမေးသာရှိပြီးအဖြေကပြန်မကြားရ

"ဟင်း"

သူမသက်ပြင်းချမိပြန်တယ်

"သွားအထဲဝင်တော့ နောက်စာသင်ချိန်တွေ စာသေချာနားထောင်အုန်း"

ဆရာများနားနေခန်းစီ သူမရောက်တာနဲ့အတင်းပြောသံ ကြားရပြန်ပြီလူကြီးတွေဖြစ်ပြီအတင်းပြောကြတာသူမ...မကြိုက်ပါ

"ရင်းဟွာရေ မင်းအခန်းကရှောင်ကျန့်ကအတော်ဆိုးတဲ့ကျောင်းသားပါလားမင်းသေချာမဆုံးမထားဘူးလား"

"ဘာဖြစ်လို့လဲ ကျွန်မကျောင်းသားက"

"အိုင်ယား မပြောချင်တော့ပါဘူးဟယ် မင်းclass Dက ကလေးတွေကဆိုးတာသိပါတယ်။ဒါမဲ့အဲ့ရှောင်ကျန့်က သူ့အဖေရေှာင်မင်းအတိုင်းပဲ သူ့အဖေက ဆေးဖိုးမရလို့သူအမေကိုသတ်လိုက်တာလေ ထောင်ထဲမှာပဲယင်းထပြီးသေသွားတာ။သူ့အမေကလည်း မကောင်းတဲ့လူဆိုတော့ဒီရှောင်ကျန့်ကရော ရှောင်မင်းရဲ့သားအရင်းဟုတ်ရဲ့လားမသိဘူး"

MEMORY🖤.(Completed)Tempat cerita menjadi hidup. Temukan sekarang