Chapter_2

3.3K 568 13
                                    

[Unicode & Zawgyi]

ဒီအခန်းထဲမှာရှိနေတဲ့သူတွေအားလုံးက လူရည်လည်တဲ့သူတွေကြီးပဲဆိုတော့ ရှုဇယ့် လမ်းလျှောက်၀င်လာပြီး ယန်းယန်ကို ကြည့်လိုက်ကတည်းက ချက်ချင်း ရှုဇယ့်ရဲ့သရုပ်မှန်ကို ခန့်မှန်းမိလိုက်ကြတယ်။

ဒီတိုင်း ရိုးရိုးသူငယ်ချင်းတစ်ယောက်လို့ ဘယ်သူကမှမတွေးမိတာလဲဆိုတော့ ရှုဇယ့်၀တ်ထားတဲ့ သာမန် ဈေးပေါတဲ့ အ၀တ်အစားတွေက သူ့ရဲ့မိသားစုနောက်ခံကို သိသာစေတယ်လေ။ ရှဲ့ချန်းကျိုးရဲ့နောက်ခံနဲ့ လုံး၀ကို မတူတာမျိုးပေါ့။

လူအများစုရဲ့ မျက်လုံးတွေကတော့ ရုတ်တရက်ပေါ်လာခဲ့တဲ့ အလှလေးဆီကိုပဲ စပ်စုချင်စိတ်အပြည့်နဲ့ကြည့်နေကြတယ်။

သူတို့ထဲကတစ်ယောက်ကတော့ တစ်ဖက်လူက ဘယ်သူလဲလို့ ယန်းယန်ကို မေးခဲ့တယ်။ ပြီးတာနဲ့ အရာ၀တ္ထုတစ်ခုကို တန်ဖိုးဖြတ်နေသလိုမျိုး အကြည့်စူးစူးတွေက ရှုဇယ့်ပေါ်ကို ကျရောက်လာခဲ့တယ်။

ယန်းယန်က မဖြေခဲ့ဘူး။ အဲ့ဒီအစား သူ့ဘယ်ဘက်မှာ ထိုင်နေတဲ့ ရှဲ့ချန်းကျိုးက ပြန်ဖြေလိုက်တယ်။

"ရှုဇယ့် လေ။ ယန်းယန် ကျောင်းက အတန်းဖော်"
ရှဲ့ချန်းကျိုးက ရှုဇယ်ကို စိတ်၀င်တစားကြည့်ကာ သူ့ရဲ့စိတ်၀င်စားမှုကို ရှင်းရှင်းလင်းလင်းဖော်ပြနေခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ယန်းယန်ရဲ့မျက်လုံးအကြည့်တွေက အေးစက်နေပြီးတော့ ရှုဇယ့်ကို မထူးခြားသလိုပဲကြည့်နေခဲ့တယ်။

သူ... ရှုဇယ့်ကို လုံး၀သဘောကျဘူး။

"ယန်းကောရဲ့ အ‌တန်းဖော်ဟုတ်လား? သူ့ကို အရင်က တစ်ခါမှ မမြင်မိပါဘူး။သူကတော်တော်တော့ ချောတယ်နော်။ အနုပညာအကယ်ဒမီကလား?" လူတော်တော်များများကတော့ ရုပ်ချောတဲ့သူတွေဆိုရင် အနုပညာအကယ်ဒမီကလို့ပဲ ယူဆလိုက်ကြတာပဲ။ ဘာလို့ဆိုတော့ ရုပ်ချောတဲ့သူတွေအများစုကလည်း အနုပညာအကယ်ဒမီကပဲ ဖြစ်နေကြတာဆိုတော့လေ။

"အဲ့ဒါက အဓိက မဟုတ်ပါဘူး။ ရှုဇယ့်.. မင်း ဒီကို ရောက်လာမှတော့ ဒီတိုင်းမတ်တပ်ကြီးပဲ ရပ်မနေနဲ့လေ။မသိတဲ့လူတွေမြင်ရင် ငါတို့က မင်းကိုမထိုင်ခိုင်းဘူးလို့ ထင်နေဦးမယ်။ မင်းစိတ်မရှိဘူးဆိုရင် ငါ့ဘေးနားမှာ ဘာလို့လာမထိုင်တာလဲ?" ရှဲ့ချန်းကျိုး က ပြုံးလိုက်တယ်။ ကျီစယ်မှုအပြည့်နဲ့ ရယ်သွမ်းသွေးလိုက်ပြီး မျက်လုံးတွေကတော့ သားကောင်ကိုအမဲလိုက်နေတဲ့ အမဲလိုက်သမားလိုပဲ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now