Chapter_24

1.1K 196 1
                                    

[Unicode & Zawgyi]

ရှဲ့ချန်းကျိုး ကို အနိုင်ရပြီးတဲ့နောက် ပုံမှန်ဆိုရင် ယန်းယန် က ပျော်နေသင့်တာဖြစ်ပေမဲ့လည်း အဲဒီအစား သူ့စိတ်နှလုံးသားက လေးလံပြီး ပျော်ရွှင်ဖို့ ခက်နေခဲ့တယ်။ သူ အိမ်ပြန်ရောက်တဲ့အချိန်မှာ ရှုဇယ့် ရေချိုးနေတာကို တွေ့တော့ ယန်းယန် က သူ့ကို ထိုင်စောင့်နေခဲ့တယ်။

ရှုဇယ့် က ညအိပ်၀တ်စုံဝတ်ပြီး ထွက်လာခဲ့တယ်။ သူ့ရဲ့ဖြူဖွေးပြီး အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးက ရေပူဖြင့် ရေချိုးလာပြီးနောက်မှာ အနည်းငယ်နီ မြန်းနေခဲ့တယ်။ သူ့ကို မြင်ပြီးတဲ့အခါမှပဲ ယန်းယန် က သူ့နှလုံးသားထဲမှာ အနည်းငယ် ပိုအဆင်ပြေလာသလို ခံစားလိုက်ရတယ်။

ဘယ်အချိန်က စတင်ခဲ့သလဲဆိုတာကို မသိဘူး။ သူ သိတာက သူ ရှုဇယ့် ကို အချိန်တိုင်း အမြဲတမ်း ကြည့်နေချင်ပြီးတော့ သူ့ ကို ထွေးပွေ့ဖက်တွယ် ထားချင်တာကိုပင်။

ယန်းယန် က ရှုဇယ့် လက်ကို ဆွဲလိုက်ပြီး သူ့‌ ဘေးနားမှာ ထိုင်ခိုင်းဖို့အတွက် အနားကိုဆွဲခေါ်လိုက်တယ်။

သူ ယန်းယန်ရဲ့ ခန္ဓာကိုယ်နှင့် နီးကပ်လာတာနဲ့အမျှ သွေးနံ့က ပိုပြီးပြင်းထန်လာခဲ့တယ်။ အနံ့က အရမ်းကို သိပ်သည်းအားကောင်းလွန်းလို့ ရှုဇယ့် အစာအိမ်ထဲကတောင် အော်ကလီဆန်လာခဲ့တယ်။ ရှုဇယ့် က ယန်းယန် ကို တွန်းထုတ်ဖို့ ကြိုးစားပေမဲ့ ဒါကို ယန်းယန်က ရှုဇယ့် က သူ့ကို ငြင်းဆန်နေတယ်လို့ ထင်သွားခဲ့တယ်။ ယန်းယန် မျက်နှာထားက အေးစက်သွားပြီးတော့ သူ က ရှုဇယ့် ကို လွှတ်မပေးဘဲနဲ့ အတင်းဖက်ထားခဲ့တယ်။

ထို့နောက် ရှုဇယ့် က ကိုယ်ကို ငုံ့ကိုင်းကာ လေတွေအန်ပြီး ပျို့လာတော့တယ်။

ဒီအသံက ယန်းယန် ကို ထိတ်လန့်သွားစေပြီး သူ့မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ သူ့စိုးရိမ်မှုတွေက သိသိသာသာ ပွင့်အံကျလာပြီး ရှုဇယ့် ကို သူ အမြန် မေးလိုက်တယ် "ဘာဖြစ်လို့လဲ? မင်း နေလို့မကောင်းဘူးလား?"

ရှုဇယ့် က ခေါင်းယမ်းပြလိုက်ကာ ပါးစပ်ကို အုပ်လိုက်ပြီး ခဏလောက် အကြာမှာ ပြောလိုက်တယ် "မင်း ငါနဲ့ ဝေးဝေးနေ"

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now