Chapter_7

3.4K 582 33
                                    

[Unicode & Zawgyi]

ရှုဇယ့် က တက်ကြွလှုပ်ရှားတတ်သူလေ။အခု ယန်းယန် က ဒီလိုစီစဉ်ပေးလာပြီဆိုမှတော့ သူအနေနဲ့ လှုပ်ရှားစရာ‌တွေ ညှိနှိုင်းစရာတွေမလိုတော့ဘူး။တစ်ချို့အရာလေးတွေ ထုပ်ပိုးပြီးတော့ နောက်နေ့ကျရင် ယန်းယန် အိမ်ကို ပြောင်းရုံပဲ။

အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး ယန်းယန် က ရှုဇယ့် ဆီကို ကားနဲ့ လာခေါ်ခဲ့တယ်။

အောက်ထပ်ရော အပေါ်ထပ်မှာရော အခန်းသန့်တွေ ရှိတယ်။ ရှုဇယ့် ကတော့ အောက်ထပ်ကို ရွေးလိုက်တယ်။ အခုက လနုသေးတော့အဆင်ပြေတယ် ထင်ရပေမဲ့ ဗိုက်က ပိုကြီးလာရင် လှေကားထစ်တွေတက်ရတာ အဆင်ပြေ တော့မှာမဟုတ်ဘူး။

ယန်းယန် က ရှုဇယ့် ကို အိမ်သော့ပေးလိုက်တယ်။ အိမ်ကို ထိန်းသိမ်းဖို့ ငှားထားတဲ့သူက နံနက်ခင်းမှာ ရောက်လာပြီး တစ်အိမ်လုံးအိမ်မှုကိစ္စတာ၀န်ကို လုပ်ပေးမှာဖြစ်တယ်။

သန့်ရှင်းရေးနဲ့ ချက်ပြုတ်တဲ့ အဒေါ် ရဲ့ နောက်ခံရာဇ၀င်ကို သေချာပေါက် စုံစမ်းခဲ့ပြီးပြီ။ သူမ က ရှုဇယ့် ရဲ့ အစားအသောက် နေ့စဥ်ပုံမှန်ဘ၀ကိုရော ရှုဇယ့် ကိုရော ဂရုစိုက်ရုံသာမက ရှုဇယ့် ဗိုက်ထဲက ကလေးကိုပါ ဂရုစိုက်ဖို့ ဒီကိုရောက်လာတာ‌မလို့လေ။

ယန်းယန် က ကလေးအကြောင်းကို အိမ်‌အကူကို ပြောပြထားတယ်။ အိမ်က အလုပ်သမားတိုင်းကိုလည်း ပုံမှန်လစာထက် လစာနှစ်ဆတိုးပေးလိုက်တယ်။ ထုံးစံအတိုင်း၊နားလည်ရမှာက အိမ်တွင်းရှိ အခြေအနေအားလုံးကို လျှို့ဝှက်ထားရပြီး အိမ်တွင်းရေးကို အခြားသူများ မသိစေရဘူး‌ဆိုတာပဲ။

ယန်းယန် က လူတွေကို ပြန်လွှတ်လိုက်ပြီးတဲ့နောက်မှာ သူလည်း အကြာကြီး မနေခဲ့ဘူး။ သူက အခြားသူတွေနဲ့ ညစာစားဖို့ ချိန်းဆိုထားတာ‌ကြောင့် ရှုဇယ့် ကို သူ့ဟာသူ အိမ်မှာထားခဲ့ရတယ်။

ယန်းယန် ထွက်သွားတဲ့‌နောက် ရှုဇယ့်က ပိုပြီး သက်တောင့်သက်သာရှိသလို ခံစားရတယ်။အမှန်တိုင်းပြောရရင် ယန်းယန် ဒီမှာရှိနေရင် သူနဲ့ပြောဆိုဆက်သွယ်ဖို့ သူ့အားအင်တွေသုံးနေရဦးမှာလေ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now