Chapter_19

1.8K 288 18
                                    

『Unicode』

ယန်းယန် က အခု သူနေနေတဲ့နေရာကို တမင်တကာကို သူ့သူငယ်ချင်းတွေကို မပြောထားဘူး။ ဒါပေမဲ့ သူ တစ်ခုခုစားဖို့ ဒါမှမဟုတ် ကစားဖို့ အပြင်သွားတဲ့အခါတိုင်း အိမ်ပြန်ဖို့လမ်းခွဲကြတဲ့အချိန်မှာ သူက အရင်ကပြန်နေတဲ့လမ်းအတိုင်း မပြန်‌တော့ဘူး။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်က ယန်းယန် ကို အိမ်ပြောင်းသွားတာလားလို့ ပေါ့ပေါ့ပါးပါး မေးလိုက်တော့ ယန်းယန် က ကျောင်းအပြင်မှာ ဝယ်ထားတဲ့ အိမ်ဆီ ပြောင်းသွားတာလို့ ပြန်ဖြေလိုက်တယ်။

"မင်းပဲ အရင်တုန်းက အဲဒီမှာနေရတာ မကြိုက်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ပြန်ပြောင်းသွားတာလဲ?" သူငယ်ချင်း ချောင်မင်ရုန် ကတော့ ဒီကိစ္စကို မှတ်မိနေသေးတယ်။ သူက ယန်းယန်ရဲ့ အိမ်မှာ နှစ်ရက်လောက်နေဖူးတာကြောင့် ဒါနဲ့ပတ်သတ်ပြီး သူ့မှတ်ဥာဏ်က သေချာသိနေခဲ့တာဖြစ်သည်။

"နောက်ဆုံး စာမေးပွဲက နီးလာပြီလေ။ ဒီမှာနေပြီး စာတွေပြန်လေ့လာမလို့" ယန်းယန်က အေးအေးဆေးဆေးဘဲ လိမ်ပြောလိုက်တယ်။

သူ့ရှင်းပြချက်ကိုတော့ ဘယ်သူမှ မယုံကြဘူး။

ချောင်မင်းရုန် က ယန်းယန် ကို သေချာကြည့်လိုက်ပြီး "အဲဒီမှာ တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်များ ရှိနေတာလား..." သူ့စကားတွေထဲမှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်တချို့ ရှိနေခဲ့တယ်။

ယန်းယန် က ငြင်းဆိုခြင်းမပြုခဲ့ဘူး။ သူ့မျက်နှာပေါ်ရှိ အမူအရာက ချောင်မင်ရုန်ရဲ့ ခန့်မှန်းချက်ကို ဝန်ခံလိုက်သလိုပင်။

နောက်တော့ ချောင်မင်ရုန်က အခြားသူများနှင့် စကားပြောဆိုကြည့်ခဲ့ပြီး သိလိုက်ရတာတော့ ယန်းယန် က အခုတလော လာလို့ရှိရင်နောက်ကျမှလာပြီး ပြန်ရင်ကြတော့ စောစောပြန်တဲ့အကြောင်း သိလိုက်ရတယ်။ ဒါက လုံး၀ကို သေချာပေါက် သူ့ဘေးနားမှာ တစ်ယောက်ယောက်ရှိနေလို့ဆိုတာ သေချာတယ်၊ သူ့ကို လုံး၀ကိုအပိုင်ချုပ်ထားတာပဲ.....။

ဒီအသိုင်းအဝိုင်းက အရမ်းကိုကျယ်ပြန့်ပြီး ယန်းယန် ညှို့ယူဖမ်းစားခံလိုက်ရတဲ့ သတင်းက ရှဲ့ချန်းကျိုးဆီကို နှစ်ရက်အတွင်း ရောက်သွားခဲ့တယ်။ ရှဲ့ချန်းကျိုး က ဒီရက်တွေထဲမှာ သူ လုပ်စရာတွေရှိနေတာကြောင့် လူတိုင်းနဲ့ ‌ကစား‌ပျော်ပါးဖို့ ထွက်မလာခဲ့ဘူး။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now