Chapter_9

3K 561 24
                                    

[Unicode]

[ရှဲ့ချန်းကျိုး က ရှုဇယ့် ကို လက်လျော့မှာမဟုတ်မှန်း သူသိတယ်။ယန်းယန် က ကိုယ့်သူငယ်ချင်း အကြောင်းကို ကောင်းကောင်းနားလည်တယ်။သူက ရဖို့ခက်တဲ့ စိတ်ဝင်စားစရာ အရာ‌လေးတွေကို သူ့လက်ထဲ ရောက်အောင်လုပ်ပြီး ကစားချင်တဲ့သူလေ။သူကတော့ သူ့ကလေးကိုပဲ လိုချင်တာ။ ကလေးမွေးပြီးသွားတဲ့နောက် ရှုဇယ့် ကဘယ်သူနဲ့ပဲ အတူရှိချင် ရှိချင် အဲ့ဒါက ရှုဇယ့် ရဲ့ လွတ်လပ်မှုပဲ။]

အဲ့အချိန်တုန်းက ယန်းယန် က ဒီလို‌ တွေးခဲ့တာဖြစ်တယ်။သူမသိလိုက်တာ တစ်ခုကတော့ ရက်အနည်းငယ်အကြာမှာပဲ သူ့ မျက်နှာကိုသူ ဖြန်းဖြန်းဖြန်း ဆိုပြီး အရိုက်ခံလိုက်ရသလို ဖြစ်သွားမှာကိုပဲ။

ရှုဇယ့် ကို ပထမဆုံးမြင်တဲ့သူက ယန်းယန် တော့ မဟုတ်ဘူး။ယန်းယန် ရဲ့ ချစ်သူလေး လုရှန်း ဖြစ်တယ်။

ယန်းယန် က သူငယ်ချင်းအချို့ကို ညစာစားဖို့ ဖိတ်လိုက်ပြီး လုရှန်း ကိုလည်း သူနဲ့အတူ ခေါ်လာခဲ့တယ်။ ဟော့ပေါ့ ဆိုင်ကနေ ထွက်လာတုန်းမှာပဲ လုရှန်း က ရှုဇယ့် ကို မတော်တဆ တွေ့လိုက်တာဖြစ်တယ်။

အခြားလူတွေကတော့ မသိရင်မသိနိုင်ဘူး။ဒါပေမဲ့ ယန်းယန် ရဲ့ ချစ်သူအ‌နေနဲ့တော့ လုရှန်း ကတော့ ယန်းယန် အကြိမ်ပေါင်းများစွာ ဖုန်း ပြောတာကို ကြားဖူးပြီးတော့ ယောင်ဝါးဝါးနဲ့‌ တစ်ခုခုတော့ သိထားခဲ့တယ်။ ဥပမာပြောရရင် ရှုဇယ့် က အခု ယန်းယန် ရဲ့ အိမ်မှာ နေ,နေတာမျိုးပေါ့။

လုရှန်း က အဲ့အိမ်ကို တစ်ခေါက် နှစ်ခေါက်လောက် ရောက်ဖူးပေမဲ့  ယန်းယန် က ရှုဇယ့် ကို အဲ့အိမ်မှာ နေဖို့ စီစဉ်ပေးလိမ့်မယ်လို့တော့  သူလုံး၀ မထင်မိခဲ့ဘူး။

သူ အကြောင်းအရာကိုနားထောင်ကြည့်ရ သလောက်တော့ ရှုဇယ့် မှာ ပြဿနာလေးတစ်ခု ရှိနေပုံပေါ်တယ်,အဲဒါကြောင့်ပဲ ယန်းယန် က ရှုဇယ့် ကို ဂရုစိုက်‌ပေးဖို့ လူတစ်ယောက်ကိုတောင် အထူးစီစဉ်ပေးခဲ့တယ်။

လုရှန်း က ရှုဇယ့် ကို နောက်ဆုံးအကြိမ်တွေ့တုန်းက အခြေအနေကို မှတ်မိနေပါသေးတယ်။ အဲ့အချိန်တုန်းက ရှုဇယ့်  ပုံစံက အကောင်းကြီးပါ။ ကိုယ်ဘယ်လိုပဲ ကြည့်ကြည့် သူ့မှာ ရုပ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခု ရှိနေတယ်လို့ကို မထင်ရဘူး။ သူ,လုရှန်း ကိုယ်တိုင် ယန်းယန် နဲ့ အတူရှိနေရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲဆိုတော့ ယန်းယန် ဆီက အကျိုးခံစားခွင့်တွေ ရချင်တာကြောင့်ပဲ။ သူ ရှုဇယ့် ကို ရန်လိုရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူ့ကိုယ်ပိုင်ခံစားချက်အရ ရှုဇယ့် မှာလည်း သူ့လိုတူညီတဲ့ ရည်ရွယ်ချက် ရှိတယ် လို့  ခံစားနေရတာကို သူက  သူတို့နှစ်ယောက်က တူညီတဲ့ အတန်းအစားမျိုးထဲက မဟုတ်သလို ဟန်ဆောင်ပြုမူနေတဲ့အတွက်ကြောင့် ဖြစ်တယ်။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now