Chapter_10

3.6K 529 24
                                    

[Unicode]

ရှုဇယ့်ရဲ့ တောက်ပနေတဲ့ မက်မွန်ပွင့်မျက်၀န်း‌တွေက ယန်းယန် ကို တည့်တည့် စိုက်ကြည့်နေခဲ့တယ်။ ရှုဇယ့် က မသောက်ထားပေမဲ့ သူ့မျက်နှာလေးက အနီရောင်အလွှာ ပါးပါးလေး ဖုံးလွှမ်းထားသလိုမျိုး ရဲနေခဲ့တယ်, ဖြစ်နိုင်တာက‌တော့ ဟော့ပေါ့ဆိုင်ထဲက အပူချိန်က အပြင်ဘက်ထက် ပိုမြင့်တာကြောင့် နေလိမ့်မယ်။ ဒါ့အပြင် သူ့မျက်လုံးတွေရဲ့ အနားသတ်မှာလည်း အနီရောင်ကာလာလေး ဆိုးထားသလို ဖြစ်နေခဲ့တယ်။

အဲ့ဒီအနီရောင်‌လေးက အကြောင်းပြချက်မရှိဘဲ ညှို့ယူဖမ်းစားတဲ့ အရောင်အဝါတွေဖြာထွက်နေပြီး‌တော့ ယန်းယန်ကို ညှို့ယူဖမ်းစားနေခဲ့ပြီး တစ်ခဏချင်း ယန်းယန်ရဲ့ နှလုံးသားကို ပူလောင်လာစေတယ်။

ဒါပေမယ့် အဲ့ဒီနောက်မှာတော့ ယန်းယန် ရဲ့ မျက်နှာက ပိုဆိုးသွားခဲ့တယ်၊ဘာကြောင့်လဲဆိုတော့ ရှုဇယ့် က ဒီလိုဆွဲဆောင်မှုရှိတဲ့ မျက်နှာကိုသုံးပြီး အဲ့ဒီမိန်းကလေးနဲ့ ရယ်ရယ်မောမောပြောခဲ့တာကို တွေးမိသွားပြီးတော့ သူ့ရင်ဘတ်ထဲက ဒေါသမီးက ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာခဲ့ရတယ်။

အချိန်မရွေး ထပ်ပြီး ဒေါသပေါက်ကွဲတော့မလို ဖြစ်‌နေတဲ့ ယန်းယန်ရဲ့ အမူအရာကို မြင်လိုက်ရပြီး ရှုဇယ့် က သူ့စိတ်ထဲမှာ သက်ပြင်းတစ်ချက် ချလိုက်တယ်။ တစ်လကို ငါးရာ နဲ့ ရစရာ ပိုက်ဆံ ကိုးသန်းခွဲ တောင် ကျန်သေးတယ်။ ရှုဇယ့် က ပိုက်ဆံနဲ့ အဆင်မပြေဖြစ်လို့မရဘူးလို့ သူ့ကိုယ်သူ ပြောလိုက်တယ်။

ယန်းယန် ဘာမှ စ,မလုပ်သေးခင် ရှုဇယ့် က သူ့ဖုန်းကို ထုတ်လိုက်တယ်။ သူက ဟော့ပေါ့ဆိုင်ထဲမှာ ရှိနေသေးတဲ့ ကျိုးရှင်း ကိုပဲ တိုက်ရိုက်ခေါ်လိုက်တယ်။

တစ်ဖက်က ကျိုးရှင်းကလည်း ရှုဇယ့် ခေါ်နေမှန်း သိလိုက်ရတော့ ချက်ချင်းဖုန်းကိုင်လိုက်တယ်။

"ကျိုးရှင်း‌ ရေ,အခု‌လောလောဆယ် ငါ့မှာ လုပ်စရာလေးတွေ ရှိနေလို့ ဟော့ပေါ့စားဖို့ ငါ မင်းနဲ့ အတူရှိ မပေးနိုင်တော့ဘူး။ ငါ အရင် ပြန်လိုက်တော့မယ်။" ရှုဇယ့် က ကွေ့ဝိုက်ပြီး ပြောမနေတော့ဘဲနဲ့ သူလုပ်စရာရှိတယ်ဆိုပြီးပဲ တည့်တည့်ပြောလိုက်တယ်။ ဒီတစ်ခုခု လုပ်စရာရှိတယ်ဆိုတာက လိမ်ညာတယ်လို့တောင် ယူဆလို့မရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက တကယ်ကြီးကို ကိစ္စတစ်ခုကို ကိုင်တွယ်ဖို့ရှိ‌နေတယ်လေ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now