Chapter_3

3.3K 564 8
                                    

[Unicode & Zawgyi]

ယန်းယန်က ရှော့ခ်ရသွားပြီးတော့ ဒီအ‌ကြောင်းကို လက်ခံဖို့ မနည်းကြိုးစားနေရတာကို ပြောစရာတောင်မလိုဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်း ရှဲ့ချန်းကျိုးကလည်း ထပ်တူညီတဲ့ အခြေအနေထဲမှာပါပဲ။

ရှဲ့ချန်းကျိုး က တံခါးနားကနေ လျှောက်လာပြီး ယန်းယန်နားမှာ ဘေးချင်းယှဉ်ပြီး ရပ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ ဓာတ်မှန်ရလာဒ်ကို ပြနေတဲ့ စခရင်နဲ့ အ၀တ်‌အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နေတဲ့ ရှုဇယ့် ကြားမှာ အခေါက်ပေါင်းများစွာ ဟိုကနေဒီ ခေါက်တုံ့ခေါက်ပြန်ဖြစ်နေခဲ့တယ်။

အခန်းထဲမှာရှိနေတဲ့ သူတွေအားလုံး ခဏတာတိတ်ဆိတ်သွားခဲ့ကြတယ်။ ရှုဇယ့် က လွဲလို့ပေါ့ ။ ကြည့်ရတာ သူတို့အကုန်လုံး အတိုင်းအတာတစ်ခုလောက်ထိ အံ့ဩထိတ်လန့်သွားကြပုံပဲ။

ရှဲ့ချန်းကျိုးရဲ့ နှုတ်ခမ်းစွန်းတွေက ကွေးသွားခဲ့တယ်။ ပြီးတော့ စသလိုနောက်သလို လေသံနဲ့ ရှုဇယ့် ကို‌ မေးလိုက်တယ် : " ဆိုတော့ ဒါက မင်းဗိုက်ထဲမှာ တစ်ခုခုရှိနေလို့ သောက်လို့မရဘူးလို့ ပြောတာရဲ့ အကြောင်းပြချက်ပေါ့..ဟုတ်လား?"

"ဒီကိစ္စက လူတွေကို လှည့်စားနိုင်ဖို့ ဆရာ၀န်နဲ့ပေါင်းပြီး လျှို့ဝှက်ကြံစည်ထားတာများလား?"

ဒါက သာမန်လူတွေ သိမြင်နားလည်နိုင်တဲ့ အတိုင်းအတာကိုကျော်သွားပြီလေ။ အဓိကအချက်ကတော့ ယောက်ျားလေးက ကိုယ်၀န်ဆောင်နိုင်တယ်တဲ့။ ရှုဇယ့် ရဲ့ လိင်အမျိုးအစားကို ‌မပြောနိုင်ရတဲ့အထိ ရှဲ့ချန်းကျိုးရဲ့ မျက်လုံးက မှုန်နေတာမှ မဟုတ်တာ။

မင်းပြောကြည့်လေ ၊ ဘယ်လိုလုပ် ယောက်ျားလေးက မိန်းကလေးတွေလို ကိုယ်၀န်ဆောင်နိုင်မှာလဲ? ရှုဇယ့် က အပေါ်ယံမှာ ယောက်ျားလေးလိုနေပြီးတော့ တကယ့်အပြင်မှာ မိန်းကလေးဖြစ်နေတာဆိုရင်တော့ မပြောတတ်ဖူးပေါ့။ အဲ့လိုဆိုရင်တော့ ရှုဇယ့် ရဲ့ သရုပ်ဆောင်စကေးက တကယ်မိုက်တာပဲ။

ရှဲ့ချန်းကျိုး က မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး မျက်နှာကြီး မှုန်မှိုင်းနေတဲ့ သူ့သူငယ်ချင်းကြီး ယန်းယန်ကို ကြည့်လိုက်တယ်။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now