Chapter_14

2.1K 357 17
                                    

Unicode & Zawgyi

ခြေလှမ်းအနည်းငယ်လျှောက်ပြီးတဲ့နောက် ယန်းယန် က ရှုဇယ့် ဒီဘက်ကို ပြန်လျှောက်လာတာကို မြင်ပြီး ရပ်လိုက်တယ်။ ခုနလေးတင်ကမှ ရှုဇယ့် ကို ၀င်တိုက်သွားတဲ့ အမျိုးသားက ကောင်မလေးတစ်ယောက်ရဲ့ လက်ကို ဆွဲထားခဲ့တယ်။ စက္ကန့်အနည်းငယ် အကြာမှာပဲ ဒေါသတကြီးနဲ့ အဲ့ဒီလူက သူ့လက်ကို မြှောက်လိုက်ကာ ကောင်မလေးကို မျက်ရည်ဝဲသွားစေတဲ့အထိ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်။

ကောင်မလေးက စောနက ရှုဇယ့် နဲ့ အတူထမင်းစားဖူးတဲ့သူတွေထဲက တစ်ယောက်ဖြစ်တယ်။ ကောင်မလေး အရိုက်ခံရတာကို မြင်လိုက်ရပြီး‌မှတော့ ရှုဇယ့် က အဲ့ဒါကို မမြင်သလို ဟန်ဆောင်ပြီး နေစရာ အကြောင်းမရှိဘူး။

သူ နဲ့ အခြားအတန်းဖော်တွေအတူ ပြန်လျှောက်သွားခဲ့ပြီး ထိုလူကိုတားဖို့ ကြိုးစားလိုက်ကြတယ်။ တစ်ဖက်လူရဲ့ အကြောင်းပြချက်က ဘာအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ မိန်းကလေးတစ်ယောက်ကို ဒီလိုကြီး‌တော့ ရိုက်လို့မရဘူး။

ဒါပေမဲ့လည်း ဒေါသချောင်းချောင်းထွက်နေတဲ့ လူတစ်ယောက်ရဲ့ခွန်အားက အရမ်းကို သန်မာပြီး‌တော့ လူတွေအများကြီးက သူ့ကို နိုင်အောင် ချုပ်မထားနိုင်ကြဘူး။ အစကတည်းက သူ့ရည်းစားဟောင်းကောင်မလေးက ယောက်ျားလေးတစ်စုနဲ့ လမ်းလျှောက်ရင်း တောက်တောက်ပပပြုံးနေတာကို မြင်လိုက်ရကတည်းက သူ့နှလုံးသားထဲမှာ မကောင်းဆိုးဝါးမီးတောက်တွေ ခိုအောင်းနေခဲ့တာ ဖြစ်တယ်။ အခု ဒီကောင်တွေက သူ့ကို တားဖို့လုပ်ကြတာလည်း မြင်ရော ထိုလူက အားပြင်းပြင်းနဲ့ သူ့ရည်းစားဟောင်းကို ဘေးကိုတွန်းလိုက်ပြီး သူ့ရှေ့ကလူကို လက်သီးနဲ့ လှမ်းထိုးလိုက်တယ်။

ဖြစ်ချင်တော့ ရှုဇယ့် က သူ့ရှေ့မှာရှိနေတာ ဖြစ်တယ်။ လက်သီးက ရှုဇယ့် ရဲ့ဗိုက်ကို ထိလုနီးနီးဖြစ်နေပြီဆိုတာ မြင်နေရပေမဲ့လည်း ရှုဇယ့် မှာ ရှောင်ဖို့အချိန်မရှိခဲ့ဘူး။ ဒီလက်သီးနဲ့ထိုးမိရင် ကလေးမှာ အန္တရာယ်ရှိသွားနိုင်တယ်။ ရှုဇယ့် က စိတ်ကိုခိုင်ခိုင်ထားပြီး အထိုးခံရဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရှုဇယ့် ရဲ့ မျက်လုံးရှေ့မှာ ရုတ်တရတ် ပုံရိပ်တစ်ခု ဖြတ်ခနဲပေါ်လာခဲ့တယ်။ ရှုဇယ့် က တစ်ဖက်လူ ဘယ်သူလဲဆိုတာ မမြင်ရခင်လေးမှာပဲ အော်ဟစ်သံတစ်ခု ထွက်လာခဲ့‌လေရဲ့။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now