Chapter_12

2.6K 425 15
                                    

[Unicode & Zawgyi]

အမျိုးသားအဆောင်က တစ်ဆောင်တည်းရှိတာ မဟုတ်ဘဲ အခြားအဆောင်တွေလည်း ရှိသေးတာဖြစ််တယ်။ ရှုဇယ့် နဲ့ စကားပြောရတာ လွယ်ကူမှန်း လူတိုင်းတွေ့တဲ့အခါမှာတော့ စင်ဂယ်လ်ခွေးလေးတွေ အားလုံးက သူ့အနားမှာ ဝိုင်းအုံလာကြတယ်။ တချို့က အဆောင်ကြားကတွေ့ဆုံပွဲကို လာဖို့ မဖြစ်မနေ လိုအပ်နေတာတော့မဟုတ်ဘူး။ မိန်းကလေးတွေနဲ့ တွေ့ဖို့ အခြားနည်းလမ်းတွေလည်း  ရှိသေးပေမဲ့ အားလုံးက ရှုဇယ့် က ကူညီတာကို လိုချင်ကြတာဖြစ်တယ်။ ရှုဇယ့် ရဲ့ အသွင်အပြင်နဲ့ ပတ်သက်လို့ကတော့ သူတို့သာ ရှုဇယ့် နဲ့ အတူသွားလို့ရှိရင် သေချာပေါက် ရှုဇယ့် က သူတို့ထက် သာနေမှာပဲပေါ့။  ဒါပေမဲ့ လူတိုင်းရဲ့ လိင်စိတ်တိမ်းညွတ်မှုက မတူတဲ့အပြင် ရှုဇယ့် ကလည်း ယောက်ျားတွေကို သဘောကျတာကြောင့် သူတို့ ကောင်မလေးတွေကို လုသွားမှာကိုတော့ မစိုးရိမ်ရဘူးလေ။ အဲဒါက ပိုလို့တောင်အဆင်ပြေသွားသေးတယ်။ ရှုဇယ့် ကို စိတ်ဝင်စားတဲ့ ကောင်မလေးတစ်ယောက်ရှိလာရင် သူ့ မှာ ရည်းစား‌ ကောင်လေးရှိတယ်လို့ ကောင်မလေးကို ပြောလိုက်မယ်။ ကောင်မလေးက ဝမ်းနည်းသွားတဲ့အခါကျရင်‌ အဲဒါက သူတို့၀င်ပြီး အမှတ်ယူဖို့ အကောင်းဆုံးအချိန်ပဲ မဟုတ်လား?

ယောက်ျားလေးတိုင်းမှာ ကိုယ်ပိုင်တွက်ချက်မှု အကြံအစည်လေးတွေ ရှိတယ်လို့တော့ ပြောလို့ရတာ‌ပေါ့။

လူအုပ်ကြီး တဖြည်းဖြည်း ကျဲသွားတဲ့အခါမှာတော့ ကျိုးရှင်း က ရှုဇယ့် အနားကို ရောက်လာပြီး ရှုဇယ့် ပုခုံးပေါ် သူ့လက်ကို တင်လိုက်တယ် - "ငါ မင်းအတွက် ထမင်း ဘယ်နှစ်နပ်‌စာလောက် အလကားရှာ‌ပေးထားလဲ ကြည့်စမ်း။ မင်း ငါ့ကို ကျေးဇူးအထူးတင်သင့်တာ မဟုတ်ဘူးလား?"

ရှုဇယ့် က ပြန်သရော်လိုက်တယ် "မင်း ခွေးကောင်၊ ငါ့ကို ကျေးဇူးတင်ခိုင်းရဲသေးတယ်ပေါ့လေ? မင်း မျက်နှာက တော်တော် အရေခွံထူနေတယ်လို့မထင်ဘူးလား?"

ဒီနေ့ပြီးတဲ့နောက်၊ ရှုဇယ့် ရဲ့ မူလအစက တည်ငြိမ်နေတဲ့ အားလပ်ချိန်လေးက အနည်းငယ်အလုပ်များလာခဲ့တယ်။ ညစာစားပွဲချိန်းဆိုမှု အားလုံးနီးပါးက ကျောင်းအပြင်ဘက်မှာ လုပ်ကြတာဖြစ်ပြီး အခြားကျောင်းတွေမှာ လုပ်ကြတာလည်း ရှိသည်။ ဒါပေမဲ့ ဒီကုန်ကျစရိတ်အားလုံးကို လှိုင်းကြက်ခွပ်ထနေတဲ့ နွေဦးနှလုံးသားပိုင်ရှင် အတန်းဖော်တွေက အကုန်ကျခံကြတာဖြစ်တယ်။ ရှုဇယ့် လုပ်စရာလိုတာက‌တော့ သူတို့နဲ့လိုက်သွား၊ ပြီးရင် ထမင်းလေးစားပြီး နည်းနည်းလောက်ကြာရင် ဆင်ခြေလေးပေးပြီး ထွက်ခဲ့ရုံပဲ။ ပြန်ဖို့ တက္ကစီခေါ်တဲ့ ကုန်ကျစရိတ်အတွက်ကတော့ ရှုဇယ့် က သူ့ကို ကူညီပေးဖို့ တောင်းဆိုတဲ့ အတန်းဖော်တွေဆီ ကျသင့်‌ငွေကို ချန်ထားခဲ့တယ်။ ဒီလိုမျိုး သွားလိုက်ပြန်လိုက် လုပ်ပြီးတဲ့နောက်၊ တစ်ပတ်လောက်အကြာမှာတော့ သူ့မျက်နှာပေါ်မှာ အသားအချို့တောင် ရှိလာသလိုပဲ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now