Chapter_23

1.5K 222 11
                                    

[Unicode & Zawgyi]

ရှဲ့ချန်းကျိုး က တကယ်တော့ အရင်က ဘိလိယက်ကစားပွဲတုန်းက အလောင်းအစားအကြောင်းကို မတွေးမိခဲ့ပါဘူး။ သူ အဲဒီနံပါတ်ကိုသုံးလိုက်တာက ဒီတိုင်း ကြုံရာတစ်ခုကို ကောက်ပြီးရွေးလိုက်တာထက် မပိုဘူး။ တစ်ခါတလေလေး ကားမောင်း ထွက်လာကြတာကို အလောင်းအစား တစ်ခုမှမပါဘဲနဲ့ ကားမောင်းသက်သက်ချည်း ပြိုင်ကြမယ်ဆို သေချာပေါက် ပျင်းဖို့ကောင်းနေတော့မှာပေါ့။ ဒါပေမဲ့ အခုတွေး၊ အခုဆုံးဖြတ်လိုက်တဲ့ ရုတ်တရက်ဖိတ်‌ခေါ်မှု ဖြစ်တာကြောင့် သူတို့က ပစ္စည်းတွေ မလောင်းကြဘဲ ပိုက်‌ဆံကိုသာ တိုက်ရိုက်လောင်းကြတာဖြစ်တယ်။

သူ နံပါတ်ကို ရွေးလိုက်ပြီးတော့မှ အရင်တစ်ခေါက်က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သူသတိရသွားခဲ့တယ်။ နောက်တစ်ကြိမ် ထပ်စဉ်းစားကြည့်‌လိုက်တော့မှ ရှဲ့ချန်းကျိုး က ဘယ်လို အခြေအနေမျိုးဖြစ်ခဲ့မှန်း သဘောပေါက်သွားခဲ့တယ်။ ဒါပေမဲ့ အခု သူပြောင်းလိုက်ရင်လည်း သူ ဖုံးကွယ်ချင်နေမှန်း သိသာသွားလိမ့်မယ်။

မှန်းကြည့်ရရင် ယန်းယန် ကလည်း သဘောတူလောက်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက ယန်းယန် ကို ဒီလောက်နှစ်တွေအများကြီး ကြာအောင် သိလာခဲ့တာပဲဟာ။ ယန်းယန် က ဘယ်သူ့ဆီမှာမှ အရှုံးမခံချင်တဲ့ လူစားမျိုးလေ။ အလွန်ဆုံး သူတို့ပြိုင်လို့ပြီးသွားတော့မှ သူ ယန်းယန် ကို တောင်းပန်လိုက်တာပေါ့။

သူငယ်ချင်းအချင်းချင်းကြားမှာ တောင်းပန်စကား ပြောတာကို ရှဲ့ချန်းကျိုး ကတော့ ဘာမှ မှားနေတယ်လို့မထင်ဘူး။

ကားတံခါးကို ပိတ်ပြီးနောက် ရှဲ့ချန်းကျိုး က အရှေ့ကို မောင်းထွက်သွားပြီး လမ်းမကြီးပေါ်က ကျယ်တဲ့နေရာမှာ ရပ်လိုက်တယ်။

စက္ကန့်အနည်းငယ်လောက် စောင့်ပြီးတဲ့နောက် ယန်းယန်ရဲ့ကားက အနောက်ကနေ မောင်းလာခဲ့တယ်။

ကားနှစ်စီးက တစ်စီးနှင့်တစ်စီး ဘေးချင်းယှဉ်ကာ ရပ်‌နေကြတယ်။

ဒီနေရာမှာ သူတို့နှစ်ယောက်ပဲ ရှိပြီး ပတ်၀န်းကျင်မှာ ဖြတ်သွားဖြတ်လာလုပ်နေတဲ့ အခြားကားတွေ တစ်စီးမှ မရှိကြဘူး။ ယန်းယန် က ခေါင်းကို စောင်းလိုက်ကာ ရှဲ့ချန်းကျိုး ကို လှမ်းကြည့်လိုက်ပြီး လူနှစ်ယောက်ရဲ့ အကြည့်တွေက ကိုယ်စီအပြန်အလှန်ပေါ်မှာ ကျရောက်နေခဲ့တယ်။ ကားနှစ်စီးအရှေ့မှ မီးပွိုင့်က မီးနီနေပြီး သူတို့က ကားထဲမှာ ငြိမ်သက်စွာ ထိုင်နေကြကာ ကားအင်ဂျင်စက်သံရဲ့ နားကွဲလုမတတ် ကျယ်လောင်လှတဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။ သူတို့နှစ်ဦးမှာ အပြန်အလှန်နားလည်မှု တစ်ခုရှိနေပြီး ရှဲ့ချန်းကျိုး က ယန်းယန် ဆိုလိုတာကို သိလိုက်တယ်။ ပြိုင်ပွဲက မီးပွိုင့်ကအလင်းရောင် ပြောင်းသွားတာနှင့် စတင်ပြီ ဖြစ်သည်။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now