Chapter_5

3.4K 550 19
                                    

[Unicode & Zawgyi]

ကားက ရှုဇယ့် အရှေ့မှာ ရပ်သွားပြီးတော့ ကားမှန်ကျသွားတဲ့ အချိန်မှာ ရှဲ့ချန်းကျိုး က ကိုယ်ကိုရှေ့ကိုမှီလိုက်ပြီးတော့ နှုတ်ဆက်ပြုံးပြရင်း ရှုဇယ့် ကိုကားထဲ၀င်ဖို့ပြောလိုက်တယ်။

တံခါးကိုဆွဲဖွင့်လိုက်ပြီး ရှုဇယ့် က ကားရှေ့ခန်းမှာပဲ ၀င်ထိုင်လိုက်ကာ ထိုင်ခုံ ခါးပတ်ကိုပတ်လိုက်တယ်။

"ကျေးဇူးပါပဲ။မင်းကို တကူးတကကြီး ဒုက္ခပေးမိပြီ" ရှုဇယ့် က ရှဲ့ချန်းကျိုး ကို ကျေးဇူးတင်လိုက်တယ်။

ရှုဇယ့်ရဲ့ မျက်ခုံးလေးတွေကအစ ပြုံးနေပြီးတော့ မက်မွန်ပွင့်မျက်၀န်းလေးတွေကလည်း လှိုင်းကြက်ခွပ်လေးတွေပြေးနေတဲ့ စမ်းချောင်းလေးလိုပဲ။ ကောင်းကင်ကလည်း ကြည်လင်ပြီးတော့ ဒီနေ့ရာသီဥတုကလည်း သာယာတယ်။ ချိန်းတွေ့ဖို့ အကောင်းဆုံးအချိန်လေးပဲ။ လျှပ်တပြက် အဲဒီအတွေးက ရှဲ့ချန်းကျိုး စိတ်ထဲမှာ ပေါ်လာခဲ့တယ်။ သူ့မျက်လုံးက ရှုဇယ့် ဗိုက်ပေါ်ရောက်သွားတဲ့နောက် သူက အဲ့စိတ်ကူးတွေကို ခဏခေါက်သိမ်းထားလိုက်တော့တယ်။

"ဘယ်ကိုဒုက္ခရမှာလဲ? ငါ့မှာ ဘာမှလုပ်စရာမရှိပါဘူး။ စောစောကတည်းက ဆေးရုံက ဆရာ၀န်ကိုတောင် လှမ်းပြီးမေးလိုက်ပြီးပြီ" ရှဲ့ချန်းကျိုး က လမ်းမဘေးက ဖြည်းဖြည်းချင်းမောင်းထွက်လိုက်ပြီးတော့ လမ်းမပေါ်ကစီတန်းစွာသွားနေတဲ့ ကားတွေနဲ့အတူ ၀င်ရောက်မောင်းနှင်လိုက်တယ်။

သူက သူလုပ်ပေးနိုင်သမျှကို မြင်သာအောင်ပြနေတာလေ။သူက ဒီအခွင့်အရေးကိုအသုံးချပြီး သူနဲ့ ရှုဇယ့်ရဲ့ ဆက်ဆံရေးကို နီးကပ်စေချင်တာဖြစ်တယ်။

သူလုပ်ပေးနေတာတွေက ရှုဇယ့်ကောင်းဖို့အတွက်ဆိုတော့ သေချာပေါက် ရှုဇယ့် က သူ့ကို ကျေးဇူးတင်မှာပဲ။ ကံဆိုးတာကတော့ ရှဲ့ချန်းကျိုး က စေတနာသန့်သန့်နဲ့ ကူညီတာတော့ မဟုတ်ဘူးပေါ့။

"အွန်း" ရှုဇယ့် က ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ကားထိုင်ခုံဆီ မှီလိုက်တယ်။

ကြည့်ရတာ သူ့ခံစားချက်က ပုံမှန်ပဲထင်တယ်။ ရှဲ့ချန်းကျိုး က ရှုဇယ့် က သူ့နဲ့ ဆက်ပြီး စကားမပြောချင်တော့ဘူးဆိုတာကို နားလည်လိုက်တယ်၊ ဘာလို့လဲဆိုတော့ သူက ယန်းယန်ရဲ့ သူငယ်ချင်းဖြစ်နေတာကိုး။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now