Chapter_6

3.6K 573 29
                                    

[Unicode & Zawgyi]

ယန်းယန် က သူ့ဗိုက်ထဲက ကလေးကို မွေးပေးဖို့ ဆယ်သန်းနဲ့ကမ်းလှမ်းလာတဲ့ အတွက် ရှုဇယ့် က အရမ်းကိုရှော့ခ်ရသွားခဲ့တယ်။ ယန်းယန် က သူ့ကိုနောက်နေတာလို့ ထင်မိပေမဲ့ သူ့ရဲ့အေးစက်စက် မျက်လုံး‌တွေနဲ့ အကြည့်ချင်းဆုံလိုက်တဲ့အခါမှာ ယန်းယန် က အမှန်တွေပြောနေတာဖြစ်ကြောင်း သဘောပေါက်သွားခဲ့တယ်။

ရှုဇယ့် က ယန်းယန် ရဲ့ မိသားစုက ဘယ်လို အခြေအနေရှိတယ်ဆိုတာ သိပါတယ်။ အခု ယန်းယန် မောင်းနေတဲ့ကားကတောင် သန်းပေါင်းများစွာတန်တဲ့အပြင် သူ့မှာ ကားတွေထက် ပိုတန်ဖိုးကြီးတဲ့ အရာတွေလည်း အများကြီးရှိတယ်‌။

ဆယ်သန်း ဆိုတာက ပုံမှန်လူတွေအတွက် အရမ်း အရမ်းကို ကြီးမားတဲ့ ပမာဏဖြစ်ပေမဲ့ ယန်းယန် အတွက်က‌တော့ သူ့ရဲ့ ဘဏ်ကဒ်ပေါ်က ကိန်းဂဏန်းအနည်း‌ငယ်လောက် သာသာပဲလေ။

လူငယ်အများစုက အနာဂတ်မှာအလုပ်ကောင်းကောင်းရပြီး ပိုတော်ဖို့တတ်ဖို့အတွက် စာလေ့လာတဲ့နေရာမှာ အလုံးစုံမြှုပ်နှံနေတဲ့အချိန်မှာပဲ ယန်းယန် က ကိုယ်ပိုင်ကုမ္ပဏီပိုင်နေပြီး ပိုက်ဆံအများကြီး ရှာနိုင်နေခဲ့ပြီ။

ယန်းယန် ကိုကြည့်ရတာ သူ့ကို ရုတ်တရက်ကြီး ကြိုက်သွားတာလည်း မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက သူ့ ဗိုက်ထဲက ကလေး ကို စိတ်၀င်စားသွားတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ယန်းယန် ပြောတာကလည်း မှန်နေတယ်။ သူက သာမန် မိန်းမတွေလိုမျိုး ကိုယ်၀န်ဖျက်ချလို့လည်း မရဘူး။ ပြီး‌တော့ ဘယ်အချိန်ပဲ ဖျက်ချချ သူ့အတွက် အရမ်း အန္တရာယ်များနေဆဲပဲ။

တစ်သန်း လည်း မဟုတ် သောင်းဂဏန်းလည်း မဟုတ်ပဲနဲ့ ဆယ်သန်းတောင် ပေးမယ်လို့ ယန်းယန် က ပြောခဲ့တယ်လေ။

ရှုဇယ့် က ကြောင်းကျိုးဆီလျော်ပြီး လက်တွေ့ဆန်တဲ့သူ တစ်ယောက်ဖြစ်တယ်။ သူက ပိုက်ဆံကိုချစ်တယ်။ သူ့အတွက်က ချစ်တာတို့ လူတွေကြားကဆက်ဆံရေးကို ထိန်းသိမ်းတာတို့ထက် ပိုက်ဆံရှာရတာကိုပိုအရေးကြီးတယ်လို့ တွေးတယ်။

သူ့မှာ မကောင်းတဲ့မိသားစု ပတ်၀န်းကျင်အခြေအနေမျိုး ရှိလို့ ဒီလိုကိုယ်ရည်ကိုယ်သွေးမျိုး ရှိတာတော့မဟုတ်ဘူး။သူ ငယ်ငယ်တည်းက သူ့မိဘတွေက သူ့ကို အလိုလိုက်ချစ်ပေးကြပေမဲ့ သူ့မှာ ဒီလို အကျင့်စရိုက််မျိုး ရှိလာခဲ့တာပဲ။ပြီးတော့ ရှုဇယ့် ကလည်း ဒါကို မပြောင်းလဲချင်ဘူးလေ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now