Chapter_18

1.8K 307 10
                                    

「Unicode」

ရှုဇယ့် က နည်းနည်းလေး အံ့သြသွားတယ်။ သူနဲ့ ယန်းယန် နဲ့ လမ်းမှာ လာဆုံလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

သူ လမ်းလျှောက်တာ ရပ်လိုက်ပြီး နောက်တစ်စက္ကန့်မှာပဲ ယန်းယန် လည်း ကားပေါ်က ဆင်းလာခဲ့တယ်။ ယန်းယန် က ကားအရှေ့ကို ပတ်လာပြီး ရှုဇယ့် ရှေ့ကို လျှောက်လာတယ်။ ရှုဇယ့် လက်ထဲမှာ ပစ္စည်းပစ္စယတွေ ကိုင်ထားတာကို သူ တွေ့လိုက်တော့ စကားတစ်ခွန်းမှ မပြောဘဲနဲ့ ဆွဲယူကာ ကိုင်လိုက်တယ်။ သူ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတွေက အထဲမှာ အလေးချိန် အနည်းငယ်‌တော့ရှိတယ်။

“နောက်ဆို မင်း တစ်ခုခုဝယ်ချင်ရင် အဒေါ်သုန်း ကို တိုက်ရိုက်ပြောလိုက်‌လေ။” အဒေါ် သုန်း ဆိုတာက ရှုဇယ့် ကို စောင့်ရှောက်ပေးဖို့ သူ့မိသားစုကနေ ခေါ်ထားတဲ့ အိမ်ထိန်း ဖြစ်တယ်။

"မင်းဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိနေတာလေ။အဲ့‌တော့ လေးတဲ့အရာတွေကို တတ်နိုင်သမျှ မ တာ နည်းလေ ကောင်းလေပဲ။"

ယန်းယန် က ဒီစကားတွေကို ပုံမှန်လိုပဲ သဘာဝကျကျ ပြောလိုက်ပေမဲ့ ရှုဇယ့် ကို ပိုပြီး စိတ်ရှုပ်စေတာပဲ အဖတ်တင်တယ်။ ယန်းယန် က ဖခင်ကောင်းတစ်ယောက် လုပ်ဖို့ စီစဉ်နေတာလား? အဲဒါကြောင့် အခုကတည်းက သူဒီလိုမျိုး ကလေးလေးကို ဂရုစိုက်နေတာလား?။

"အဲ့လောက်ကြီး မလေးပါဘူး။ အဲဒါကြောင့်မလို့ ငါ ခေါင်းလျှော်ရည်တစ်ဘူးတောင် ထပ်ဝယ်လိုက်သေးတယ်" ရှုဇယ့် က ရှင်းပြတယ်။

ယန်းယန် က မျက်ခုံးပင့်လိုက်ကာ သူ့အမူအရာက နည်းနည်းမကျေမနပ် ဖြစ်နေတဲ့ပုံရတယ်။

ထုပ်ပိုးထားတဲ့ အိတ်ကိုဖွင့်ကြည့်လိုက်တော့ အထဲမှာ တကယ်ကို ခေါင်းလျှော်ရည်တစ်ဘူးရှိနေတယ်။ တစ်ချိန်တည်းမှာပဲ ယန်းယန်ရဲ့ အကြည့်တွေက တခြားဘူးသေးသေးလေးနှစ်ခုပေါ်သို့ ရောက်သွားခဲ့တယ်။ ယန်းယန် က ထုပ်ပိုးထားတဲ့အိတ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အထဲက ဘာတွေလဲဆိုတာကို သိလိုက်တယ်။

ယန်းယန်က ခေါင်းမော့လိုက်ပြီး ရှုဇယ့် ကို ကြည့်လိုက်တယ်။ သူဝယ်ထားတဲ့အရာကို ယန်းယန် မြင်သွားခဲ့တာကို ရှုဇယ့် က သိပေမဲ့ ရှုဇယ့် ရဲ့ အမူအရာကတော့ လုံးဝတစ်ချက်‌လေးတောင် ပြောင်းလဲသွားခြင်းမရှိဘူး။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now