Chapter_13

2.5K 423 27
                                    

[Unicode & Zawgyi]

ရှုဇယ့် နဲ့ ယန်းယန် တို့ရဲ့ ဆက်ဆံရေးက ဒီညမှာ သိသိသာသာ တိုးတက်မှုရှိခဲ့ပေမဲ့ နောက်တစ်နေ့ ရှုဇယ့်  နိုးလာတဲ့အခါမှာတော့ ယန်းယန် အပေါ် သူ့ရဲ့ သဘောထားက ပုံမှန်နဲ့ သိပ်ကွာခြားမှုမရှိဘူးပဲ ဖြစ်သည်။

ယောက်ျားတွေအတွက် ရံဖန်ရံခါ ထိန်းချုပ်မှု လွတ်သွားတတ်တာက ဘာသဘောကိုမှဆိုလိုတာ မဟုတ်ဘူး။အဲဒါနဲ့ပဲ ပြဿနာက ဖြေရှင်းပြီးသားဖြစ်သွားတာမှ မဟုတ်တာ။

ဒီတစ်ကြိမ်တစ်ခါလေးကြောင့်နဲ့ ရှုဇယ့် ရဲ့ သဘောထားက 180 ဒီဂရီလောက်ပြောင်းသွားရင် သူ တကယ်ပဲ အရူး တစ်ယောက်နဲ့ တူသွားမှာပေါ့။ အဲဒီအချိန်တုန်းက သူတို့တစ်ယောက်ကို တစ်ယောက်ခံစားလို့ကောင်းအောင် လုပ်ပေးတာက အဆင်ပြေတယ် အိုခေတယ်။ ဒါပေမဲ့ သူတို့ ကိုယ့်ဘောင်းဘီကိုယ်ပြန်၀တ်ပြီးတဲ့နောက် သူတို့လျှောက်တဲ့လမ်းကတော့ အရင်အတိုင်းတူညီ‌ဆဲ ဖြစ်နေဦးမှာပဲ။

ရှုဇယ့် က ဒီသဘောထားမျိုး ရှိနေမှန်း သိလိုက်ရတော့ ယန်းယန် က ရှုဇယ့် ကို အတင်းဖိအားမပေးခဲ့ဘူး။ ဒီလူသားက သူ့အိမ်မှာနေ,နေတာဖြစ်ပြီး သူ့က‌လေးကို ကိုယ်ဝန်ရှိနေတာလည်းဖြစ်တယ်။ အဲဒီတော့ သူက သူနဲ့ ပတ်သတ်တဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

ယန်းယန် ရဲ့ အတွေးကတော့," ရှုဇယ့် က သူ့စိတ်တွေကို ပိုက်ဆံဆယ်သန်းအတွက် ပြောင်းလဲနိုင်တဲ့အတွက် ပိုက်ဆံသန်းနှစ်ဆယ် အတွက်လည်း ပြောင်းလဲလိမ့်မှာပဲ။ ငွေဆိုတာက ကောင်းတဲ့အရာပဲ‌‌လေ"

ရှုဇယ့် က သူ့ကို မငြင်းခဲ့တာမလို့ အတိုင်းအတာတစ်ခုအထိ ရှုဇယ့် က သူ့ အပိုင်ပြန်ဖြစ်ဖို့ အရမ်းလွယ်ကူကြောင်း ဆိုလိုနေတာပဲလေ။

[T/N : နည်းနည်းလေးတော့ ဆဲချင်တယ်🎶]

ဒါက အချိန်အနည်းအများပဲ ကွာတယ်။ ယန်းယန် က ရှုဇယ့် ကို အရင်တုန်းကလည်း သူ့ကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်အောင် လုပ်နိုင်ခဲ့တာဆိုတော့ အခု သူက ရှုဇယ့် ရဲ့ နှလုံးသားကို ပြန်လည်ဖမ်းယူနိုင်လိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိ‌‌နေခဲ့သည်။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now