Chapter_17

2K 317 6
                                    

[Unicode]

ဒီလိုမျိုး တွေးနေရင်းနဲ့ ရှုဇယ့် က သူ့ခေါင်းအထက်ကနေ လာတဲ့ အကြည့်တစ်ခုကို ခံစားလိုက်ရတယ်။ ထိုအတိုင်းလိုက်ပြီး ကြည့်လိုက်တော့ ယန်းယန် ရဲ့ နက်ရှိုင်းတဲ့ မှင်နက်ရောင် မျက်လုံးတွေနဲ့ သူ့မျက်၀န်းနဲ့ အကြည့်ချင်းဆုံသွားကြတယ်။ ယန်းယန် ရဲ့အမူအရာကို ကြည့်ရတာတော့ သူ ခုနလေးတင်ကမှ နိုးလာတာထင်တယ်။ ရှုဇယ့် က သူ့မျက်လုံးတွေကို အနည်းငယ် မှေးကျဉ်းလိုက်တယ်။

ရှုဇယ့် ရဲ့ နဖူးပေါ်မှာ ဆံခြည်မျှင်အနည်းငယ် ကျနေခဲ့တယ်။ သူ က သူကိုယ်တိုင်တောင် သတိမထားမိပေမဲ့ ယန်းယန် ကတော့ မြင်ခဲ့တယ်။ ယန်းယန် က လက်ကိုဆန့်ထုတ်လိုက်ပြီး ဆံစလေးတွေကို အနောက်ကို ပြန်သိမ်းပေးလိုက်တယ်။ နောက်အခိုက်အတန့်မှာပဲ ရှုဇယ့် ရဲ့ တောက်ပတဲ့ နဖူးရှင်းရှင်းလေး ထွက်ပေါ်လာခဲ့တယ်။

ယန်းယန် ရဲ့ ခန္ဓာကိုယ်က သူ့အသိစိတ်ထက် ပိုမြန်ပြီး ပြုမူလိုက်တယ်။ သူက ခေါင်းငုံ့ပြီး ရှုဇယ့် ရဲ့နဖူးလေးကို အနမ်းပေးလိုက်တယ်။ နမ်းပြီးတဲ့နောက် သူ့အသံက မြတ်နိုးကြင်နာမှုနဲ့ နူးညံ့ညင်သာမှုတွေ စိမ့်၀င်ထုံမွှမ်းနေခဲ့ပြီး "နိုးပြီလား။ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား?"

"...အရမ်း မကောင်းဘူး!" ရှုဇယ့် က ရုတ်တရက် သူ့ပါးစပ်ထောင့်ကို မြှင့်လိုက်တယ်။ သူ စောင်ကို ဖယ်မလိုက်ပြီး ထထိုင်လိုက်သည်။ မနေ့ညက သူ အရမ်း ပင်ပန်းလွန်းလို့ ညအိပ်၀တ်စုံတောင် မ၀တ်နိုင်တာကြောင့် ဒီတိုင်း အ၀တ်အစားမပါဘဲ အိပ်ပျော်သွားခဲ့တယ်။သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားပေါ်မှာ နက်ရှိုင်းပြီး သိသာနေတဲ့ အမှတ်အသားများရှိနေခဲ့တယ်။ ရှုဇယ့် က အဲ့ဒါတွေကို အမူအရာတစ်ချက်မပျက်ဘဲ ကြည့်လိုက်ပြီးနောက် သူ့ရဲ့ ည၀တ်အင်္ကျီကို လှမ်းယူပြီး ဝတ်ဆင်လိုက်သည်။

ရှုဇယ့် က ဒီလိုမျိုး ပြန်ဖြေလိမ့်မယ်လို့ ယန်းယန် က မမျှော်လင့်ထားမိဘူး။ ရှုဇယ့် ရဲ့ စကားလုံးတွေကြောင့် သူ နင်သွားရတယ်။ လန့်လည်းလန့်သွားပြီး စိတ်လည်းပူတာကြောင့် မေးလိုက်တယ် "မင်း အိပ်မက်ဆိုး မက်လို့လား?"

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now