Chapter_20

1.8K 223 5
                                    

[Unicode & Zawgyi]

ဒီတစ်ကြိမ်မှာတော့ ရှုဇယ့် က အရင်နေ့ကလို အိပ်မက်ဆိုးတွေ မမက်ခဲ့ဘူး။ နောက်တစ်နေ့မှာ သူ ပူအိုက်ပြီး ထိတ်လန့်စွာနဲ့ နိုးလာရုံလေးပါပဲ။ သူ့မှာ ပူပြင်းတဲ့ မီးဖိုထဲ ရောက်နေတဲ့အတိုင်း လူတစ်ကိုယ်လုံး အိုက်စပ်ပူလောင်နေခဲ့တယ်။ သူ လက်ဆန့်ထုတ်လိုက်ပြီး နှစ်ကြိမ်တောင် တွန်းဖယ်လိုက်ပေမဲ့ သူ့ကို ဖက်ထားတဲ့သူကို ရွေ့အောင်တောင်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့လည်း ယန်းယန် ကို နိုးအောင်တော့ တွန်းလိုက်နိုင်ခဲ့တယ်။

ယန်းယန်က တကယ်တော့ မနက်စောစောဆိုရင် စိတ်နည်းနည်းလေး ဆတ်တတ်တဲ့အကျင့်ရှိတယ်။ တခြားအချိန်တွေမှာ တစ်စုံတစ်ယောက်က သူ့ကို ဒီလိုမျိုးသာ မနက်စောစော အိပ်ရာက နှိုးခဲ့ရင် သူ မျက်နှာမှုန်သုန်နေမှာ သေချာတယ်။

သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လက်တစ်ကမ်းအကွာက တောက်ပလှပတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ ဒေါသ‌တွေဘာတွေ အသာခေါက်ထား၊ မကျေမနပ်ဖြစ်တဲ့စိတ်လေး နည်းနည်းလေးမှတောင် မရှိတော့ဘူး။ ထိုလူသားက သူ့ရင်ခွင်ထဲမှာ ရှိနေတာကြောင့် သူ့စိတ်ထဲမှာ ဒီထက်ပိုပြီး ကျေနပ်စရာ ကောင်းတဲ့ကိစ္စမျိုး မရှိနိုင်တော့ဘူးလို့ ယန်းယန် က ခံစားနေရတယ်။

ရှုဇယ့် က သူ့လက်ကို သူ့ကိုယ်ပေါ်မှာတင်ပြီး သူ့ကို တွန်းထုတ်ဖို့ ကြိုးစားတာကိုလည်း မြင်ရော ယန်းယန် က သူ့ကို နည်းနည်းလေး စချင်လာတယ်။ ယန်းယန်က လွှတ်မပေးတဲ့အပြင် ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး ရှုဇယ့် အပေါ်ကို အုပ်မိုးထားလိုက်တယ်။

နှစ်ယောက်သား၊ အပေါ်ကလူနဲ့ အောက်ကလူရဲ့ မျက်၀န်းနှစ်စုံက တစ်ယောက်ကို တစ်ယောက် အပြိုင် ကြည့်နေကြတယ်။ အပေါ်ကလူရဲ့ မျက်၀န်းတစ်စုံက အောက်မှာရှိနေတဲ့သူကို နက်ရှိုင်းတဲ့ချစ်ခင်မြတ်နိုးမှုတွေ အပြည့်နဲ့ ကြည့်နေခဲ့တယ်။

ယန်းယန်က တော်တော့်လေးကို စိတ်ကောင်း၀င်‌နေတာကို ရှုဇယ့် က မြင်နေရပြီး ရှုဇယ့် ကိုယ်တိုင်ကလည်း တကယ်တော့ ဒေါသထွက်နေတာမရှိဘူး။ သူ့စိတ်အခြေအနေက ပုံမှန်ပဲ။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now