Chapter_4

3.3K 530 23
                                    

[Unicode & Zawgyi]

ရှဲ့ချန်းကျိုး က ရှေ့ကမောင်းနှင်သူ ထိုင်ခုံမှာထိုင်လိုက်ပြီး ယန်းယန် က ဘေးရှိ ခရီးသည်ထိုင်ခုံတွင် ၀င်ထိုင်လိုက်သည်။ ဒီညမှာ ဖြစ်ပျက်ခဲ့တာတွေက ခါတိုင်းနဲ့တော့ နည်းနည်းလေး ကွဲ‌ပြားနေခဲ့တယ်။

ယန်းယန် က ကားပြတင်းပေါက်မှန်ရှေ့ကို တိတ်တဆိတ်ကြည့်နေခဲ့တယ်။ အကြောင်းတစ်ခုခုကြောင့် ဆေးရုံရှိ CDU အာထရာဆောင်းစခရင်ပေါ်က ဓါတ်ပုံအချို့က သူ့အမြင်အာရုံထဲသို့ ၀င်,၀င်လာခဲ့သည်။

ယန်းယန် အတည်ပြုနိုင်တဲ့ တစ်ချက်ကတော့ သူက  ရှုဇယ့် လို ex မျိုးကို စိတ်မဝင်စားတော့တာကြာခဲ့ပြီ။

အပြင်မှာ မသေမျိုးတစ်‌ယောက် ဖြစ်‌နေတယ်ဆိုရင်တောင်မှ ဘယ်သူပဲဖြစ်ဖြစ်၊ အဝတ်အစားတွေချွတ်လိုက်ပြီး မီးပိတ်ပြီးတာနဲ့ အားလုံး အတူတူပဲ။

သူ က ရှုဇယ့် နဲ့ အချိန်အတော်ကြာတဲ့ထိ အတူနေခဲ့ပြီးပြီလေ။ အဲ့ကတည်းက အသစ်အဆန်း ဖြစ်တာတွေ ကုန်သွားခဲ့တာ ကြာပြီ။

မမျှော်လင့်ဘဲ  ရှုဇယ့်,သူ့မှာ အမျိုးသမီးတွေလိုမျိုး လုပ်ဆောင်ချက်အချို့ရှိလိမ့်မယ်လို့ ဘယ်သောအခါမှ သူမတွေးမိခဲ့ဘူး။

သူက ယောက်ျားစစ်စစ်ဖြစ်ပေမဲ့လည်း မိန်းမတွေလို  ကိုယ်ဝန်ရနိုင်တယ်တဲ့‌လေ။

အကယ်၍ အဲဒီကလေးက သူ့ မျိုးစေ့သာ မဟုတ်ဘူးဆိုရင်၊ သူလည်းပဲ ရှဲ့ချန်းကျိုး လိုမျိုး ဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိမှာပဲ။

ဒါပေမဲ့ ရှုဇယ့်ဗိုက်ထဲက မျိုးစေ့က တကယ်ကို သူ့ကလေးပဲ။ ယန်းယန် သေချာပေါက် ပြောနိုင်တာကတော့ ရှုဇယ့် မှာ သူ့ကို လိမ်နိုင်တဲ့ သတ္တိမျိုးမရှိဘူး ဆိုတာပဲ။

သူက ရှုဇယ့် ကို ယွမ်တစ်သောင်း‌လည်း လွှဲပေးပြီးပြီ။ လောလောဆယ် သူမျှော်လင့်တာကတော့ ရှုဇယ့် တစ်ယောက် နာနာခံခံရှိပြီးတော့ သူ့ အခြေအနေသူသိဖို့ပဲ။ ပိုက်ဆံပဲလက်ခံလိုက်ပြီး ကလေးဖျက်မချပဲတော့ မနေနဲ့ပေါ့။

သူကတော့ ယောက်ျားတစ်ယောက်ကသူ့အတွက် ကလေးမွေးပေးတာမျိုးကို စိတ်မ၀င်စားဘူး။

သူကအဖေဖြစ်ရတာကိုသဘောကျတယ်Where stories live. Discover now