ရာရာတယောက် အလွန်အံ့သြမိတာက တစ်အိမ်တည်းနေပြီး စက်ရှိန်မာန်ဟာ YZရဲ့ပိုင်ရှင်မှန်းမသိတာကိုပင်။ သူကိုယ်တိုင်လည်း YZကထုတ်တဲ့ပစ္စည်းတွေကိုအလွန်နှစ်သက်ပေတယ်။ သို့ပေမဲ့ ခုလိုအောင်မြင်ကာ ကင်မရာအရှေ့ထွက်ပြလာသူဟာ စက်ရှိန်မာန်မှန်းထင်မထားပေ။ခုလည်းမနက်ပင်စားမသွား အလုပ်ရှိတဲ့ထွက်သွားလေတယ်။ ကောင်းကောင်း မထွက်ပဲ ဖုန်းပြောရင်း စားနေတဲ့ပန်းကန်ပါရိုက်ခွဲသွားလေတယ်။ ဒီပန်းကန်ဟာ YZကထုတ်ထားပြီး ၃သိန်းလောက်ပေးရပေတယ်။
ကိုယ့်မှာအလွန်ကြိုက်လို့ ဝယ်ထားရတာကို သူကခွဲသွားတယ်လေ။ ဟိုတလောကလည်း ကိုယ့်အကျီအရောင်ကို မကြိုက်ဘူးဆိုကာ မီးရှို့ပစ်တယ်လေ။ ဒါတမင်လုပ်နေသလိုပင်။ သူ့ဖျက်ဆီးနေတာတွေက အလွန်စျေးကြီးလေတယ်။
ရာရာဆူပုတ်ကာ အတွေးလွန်နေရင်း ကွဲနေတဲ့ပန်းကန်ကိုကောက်နေတာ လက်ရှသွားတယ်။
"ကျစ်..."
အမြန်ဘေစင်မှာ ရေဆေးကာ ဆေးထည့်လိုက်ရတယ်။ ခုနောက်ပိုင်း အိမ်မှာနေပြီး သူ့ဝေယျာဝိစ္စတွေသာလုပ်ပေးနေရတယ်။ Company ပင်မသွားဖြစ်ပေ။တော်သေးတာပေါ့ ခေတ်သစ်ရှိပေလို့။
"ဟေ့ ခင်ဗျားဘာရပ်လုပ်နေတာလဲ ကျုပ်မနက်စာပြန်လာစားတာ ပြန်ပြင်ပေး"
ဒဏ်ရာကိုကိုင်ကာ အတွေးလွန်နေသူကို အော်ကာပြောလိုက်တော့ လန့်သွားပုံပင်။
"ရော့ ရပြီ"
ရှိန်ကိုစားစရာပြင်ပေးပြီး စားပွဲဝိုင်းမှာထိုင်နေရသေးတယ်။ သူလိုတာရှိရင်လုပ်ပေးရအောင်တဲ့။
"အော် ညနေကျ အမျိုးသမီးတစ်ဦးလာလိမ့်မယ် သူ့အတွက်အခန်းပြင်ပေးထားလိုက်"
ရာရာမျက်ခုံတွန့်ကျိုးမိတယ်။ဘယ်ကအမျိုးသမီးမို့ အိမ်မှာလာတည်းမှာလဲ။
"ဘယ်သူလဲ"
ရှိန်စားနေရင်း ကော့ညွှတ်စွာပြုံးကာ
"ကျုပ် ကောင်မလေး"
တစ်လုံချင်းဖိကာပြောလိုက်ပြီး စားစရာရှိတာသာ ဆက်စားနေလိုက်တယ်။
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022