"ဒယ်ဒီ! ကျွန်တော်မြန်မာပြည်ကို ပြန်ချင်တယ်"
ဧည့်ခန်းထဲတွင် နေ့သစ်၏အသံသည် စူးခနဲ။သူဒီမှာလုံး၀မနေချေပေ။အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ သူ့မိဘတွေက ဘာလို့သူ့ဘက်ကို မတွေးပေးရတာလဲ။ ဦးနဲ့သူက အရင်တွေ့ပြီးချစ်ခဲ့ကြတာလေ။
"တော်စမ်း နေ့သစ်! မင်းက ရာလေးကိုဒုက္ခတွေပေးချင်နေသေးတာလား သူ့မိသားစုနဲ့သူ အေးချမ်းနေပြီလေ။ မင်းကဘာတွေထပ်ပြီး မွှေချင်သေးတာလဲ"
ရှိုင်းသက္က၏အသံသည်လည်း နေ့သစ်နီးနီး ဟိန်းကာထွက်လာခဲ့တော့သည်။ သူတို့မှာဒီသားလေးကို ဘယ်လောက်တောင်အလိုလိုက်ခဲ့မိတာလဲ။ ဘာလို့များ အခုလိုဆိုးသွမ်းနေရတာလဲ။
"ဒယ်ဒီ!! ပန်းတာရာသာ ၀င်မရှုပ်ရင် ဦးနဲ့ကျွန်တော်ကအခုချိန် ပျော်နေရမှာ။ ဒယ်ဒီကဘာသိလို့၀င်ပြောနေတာလဲ! ကျွန်တော်မြန်မာပြည်ကို ပြန်မှာ ဘယ်သူမှမတားနဲ့ သူတို့ခလေးကိုလဲ ကျွန်တော်အသေသတ်မှာ"
"နေ့သစ်!!!"
ဒီတခါတွင်တော့ ပန်းသံချိုရဲ့အသံကထွက်လာရသည်။ သူတကယ်ထိတ်လန့်သွားတာအမှန်ပင်။ အခုမှ ရာလေးဗိုက်ထဲမှာ အစပျိုးတုန်းရှိသေးတဲ့ သန္ဓေသားကို သတ်မည်တဲ့လား။
"ဘယ်လိုတွေပြောထွက်နေတာလဲနေ့သစ် အခုသတ်မယ်ပြောနေတာ မင်းရဲ့တူဆိုတာကို သိရဲ့လား
ငါကွာ! မင်းဆိုတဲ့ကောင်ကို သေချာမသွန်သင်ပေးနိုင်ခဲ့တဲ့ ငါတို့အမှားပဲ! မင်းကမိဘတွေရော မင်းရဲ့...""ဒယ်ဒီ!! ဆက်မပြောနဲ့ မကြားချင်ဘူး သစ်က ဒယ်ဒီနဲ့ပါးပါးရဲ့ တစ်ဦးတည်းသောသားပဲ! ဒယ်ဒီနဲ့ပါးပါးရဲ့သားက သစ်တယောက်တည်းပဲ နောက်လူတွေ ရှေ့လူတွေပေါ်စရာမလိုဘူး!"
ဒုန်း!!
အော်ဟစ်ပြောဆိုကာ အခန်းထဲ၀င်သွားတဲ့ နေ့သစ်ကိုကြည့်ရင်း ပန်းသံချိုတယောက် သက်ပြင်းချမိပြန်တယ်။ဘယ်လိုကြောင့် အခုလိုတွေဖြစ်နေရတာလဲ သူစဉ်းစားမရချေ။
နောက်တနေ့ မနက်ပိုင်းတွင် နေ့သစ်ကသူပြောထားသလိုပင်။ဘယ်လိုမှတားဆီးမရချေ။ မြန်မာပြည်ကို မရ ရအောင်သူပြန်လာခဲ့တော့သည်။
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022