part34

832 25 0
                                    

ရာလေး ဇမ်းတို့ကိုလိုက်ပို့ပြီး ကိတ်ဆိုင်ကိုလာခဲ့တယ်။အပြန်မှာ စိုင်းနဲ့တွေ့တယ်။မတွေ့တာလည်းကြာပြီဖြစ်လို့ စကားပြောရင်းအိမ်ခေါ်လာခဲ့တယ်။
သားကလည်းခင်ရှာပါတယ်။ကပ်နေတာများ သွေးစက်ကိုပင်မေ့နေရှာတယ်။

"သွေးစက်လာလေဒီကို"

ငယ်စဥ်တည်းက သားကသွေးစက်ကိုကပ်ရှာတတယ်။ တခါမှလည်းလျစ်လျူမရှုဖူးဘူး။ခုတော့ စိုင်းကိုခေါ်လာတာပင် မှားသွားသလိုပင်။ငိုမဲ့မဲ့လေးနဲ့ ခြံထဲကခုံတန်းမှာ စိုင်းနဲ့ဆော့နေတဲ့ သားလေးကိုကြည့်နေရှာတယ်။

"ပါး ဇမ်းကအတော်ပျော်နေရှာတယ်နော်"

အရင်တည်းက သွေးစက်လေးက ရာလေးကိုပါးလို့ပဲခေါ်တယ်။ ခုလည်းရာလေးလက်ကိုကိုင်ပြီး မချိုမချဥ်အပြုံးနဲ့ပြောနေရှာတယ်။

"အင်း ပါးစဥ်းစားနေတာ ဇမ်းလေးကိုပါး ၆နှစ်ကျရင်USပို့မယ်လို့"

"ဟင်"

အပြာရောင်မျက်လုံးလေးမှာ မျက်ရည်လေးများ ရစ်ဖွဲ့နေတယ်။ ငိုချင်တာထိန်းထာပုံက တကယ်ခံရခက်တယ်။

"ပါးနားလည်ပါတယ် ဒါမဲ့သွေးစက််ရယ် ပါးလည်းမတက်နိုင်လို့ပါ ဒါမဲ့သားလေးကျောင်းပြီးရင်ပြန်ခေါ်မှာပါ"

"ဟင့်.....အီးဟီး.....အူးဝါး....."

ရုတ်တရက်ထငိုသူကြောင့် ရာလေးကြောင်နေမိတယ်။သားတော်မောင်ကလည်း သွေးစက်ငိုသံကြားလို့ ချက်ချင်းပင်ပြေးလာရှာတယ်။

"ဟာ့ ဘေဘီငိုနေတယ် ငိုနဲ့တိတ်တော့"

"ဟင့်...."

"လာ အပေါ်သွားမယ်"

ရာလေးရော် စိုင်းပါ ပါးစပ်အဟောင်းသားပင်။ ကြီးလာရင်မလွယ်လို့ ဒါတွေကြိုမြင်လို့ ရာလေးကသားကိုUSပို့ချင်တာပေ။ ဒါတွေကငယ်စဥ်သံယောစဥ်ပေမဲ့ သူတို့သာတကယ်ချစ်ရင် ဘယ်လိုပင်ရေမြေဝေးပါစေ တချိန်ကျတွေ့ပြီးဆုံစည်းရမှာပဲ။

"လာ ထိုင်လေစိုင်း"

ရာလေးဘေးမှာစိုင်းဝင်ထိုင်လိုက်တယ်။

"ကဲဆိုပါအုံး စိုင်းရော်ခုထိလူပျိုကြီးလား"

"ဟား ဟား တာရာကတော့လုပ်ပြီ ကိုယ်အိမ်ထောင်ကျသွားပြီဗျ"

MY step-father son become my husband S1 (completed) Where stories live. Discover now