part11

2.1K 77 22
                                    

နေ့လည်၂နာရီ

YZ companyဟာအလွန်ကြီးကျယ်ခမ်းနားလွန်းတယ်။အပြင်ပိုင်းကဆိုရင်လည်း အလွန်ထည်ဝါသလို အတွင်းပိုင်းမှာလည်း အပြစ်ပြောစရာမရှိပေ။အလုပ်သမားတွေဟာလည်း အလုပ်ကိုပဲအာရုံစိုက်ကြလေတယ်။ အလုပ်ခုံတွေစီပြီး ကိုယ်ဆီအလုပ်ပဲလုပ်ကြတယ်။

အလုပ်စကားကလွဲ၍ အပိုစကားတွေ အတင်းတွေမပြောကြပေ။

ရာရာလျှောက်လာရင်း CEOအခန်းရှေ့အရောက် တံခါးခေါက်လိုက်တယ်။အထဲကခွင့်ပြုတာနဲ့ ဝင်သွားလိုက်တယ်။အခန်းကအတော်ပင် ကျယ်လှတယ်။ အိပ်ယာကဘာလုပ်ဖို့ပါလိမ့်။

ငေးနေတာရပ်ပြီး ဆိုဖာမှာထိုင်လိုက်တယ်။

"လာရင်းကိစ္စ"

ရှိန်ကmacbookသာကြည့်ပီးမေးလိုက်တယ်။

"မြေကွက်ကိစ္စပါ ခုငါတို့လုပ်နေတဲ့pjကလှူမှာ မင်းကငွေ၂ဆပေးဝယ်လိုက်တယ် ခုဟာကငါတို့ဘက်ကအကုန်အဆင်သင့်ဖြစ်နေပြီ ဘုန်းကြီးကိုလည်းလျှောက်ပြီးသား ဆိုတော့ မင်းလိုချင်တာပြော မြေကွက်ကိုပြန်ပေးပါ"

ရှိန် ရာရာ့ကိုတချက်ကြည့်ပြီး

"okလေ ဒီကိစ္စဆိုရင်စိတ်မပူနဲ့ ဒါမဲ့ခင်ဗျားကျုပ်ခိုင်းတာ တပတ်တိတိလုပ်ပေးရမယ် ဒါဆိုမြေပြန်ရမယ် ဘယ်လိုလဲ"

"ရတယ် မင်းမတရားတော့မလုပ်ခိုင်းနဲ့ပေါ့"

"သိပြီ ခုဟာကဒီနေ့ကစ အကျုံးဝင်တယ်"

"ဒါဆိုပြန်အုံးမယ် အော်မင်းခွဲတဲ့ပန်းကန်ပြန်လျော်ဖို့မမေ့နဲ့"

ဇွဲမာန်တကယ်ပင်အံ့သြမိတယ်။Bossမြေဝယ်ရင် တွက်ထားတာက ကိုရာကချွဲကာတောင်းမယ်ထင်ခဲ့တာ။ခုတော့ သူစိမ်းတွေလို အပေးအယူနဲ့ပါလား။ဘယ်လိုလင်ယောကျာ်းတွေပါလိမ့်။
>>>>>>>>>>>>>
>>>>>>>>>>>>>

ရာရာအပြန်ကျ Dadဆီလာခဲ့တယ်။မတွေ့တာလည်းကြာပြီလေ။ ခုတော့ရာရာစိတ်ဖြေလိုက်ပါပြီ။အဖေကအဖေပဲ ဦးကိုမြင့်ကလည်း Dadကိုတကယ်ချစ်ရှာပါတယ်။ ရာ့ကိုလည်းသားအရင်းလိုဂရုစိုက်ရှာတယ်။

"ရာလေး လာတယ်လား"

ဦးသီဟမောင်အလွန်ပင်ဝမ်းသာမိတယ်။သားဖြစ်သူက သူ့ဆီတကူးတကလာတာ ဒါပထမဆုံးမို့လား။

MY step-father son become my husband S1 (completed) Wo Geschichten leben. Entdecke jetzt