(အခုရေးသောအပိုင်းသည် အရင်တစ်ခါတင်တုန်းက မပါ ပါဘူးနော်။ ဒါက အမိုရာ ဖြည့်စွက်ထားတာလေးပါ)
နာရီအတော်အတန်ကြာအောင် ရှိန်ဟာ ရာရာ့ရင်ခွင်ထဲမှာ ငိုကြွေးခဲ့သည်။ ရာရာကတော့ တစ်ချိန်လုံးရှိန့်ကိုနှစ်သိမ့်ပေးခဲ့သည်။ တကယ်တမ်းကျ ပန်းတာရာနဲ့သူစတွေ့ကတည်းက သူစိတ်ညစ်နေတဲ့အချိန် ၀မ်းနည်းနေတဲ့အချိန် အားငယ်နေတဲ့အချိန်တွေတိုင်းမှာ သူ့အနားမှာအမြဲရှိနေပေးခဲ့တယ်။ ပန်းတာရာကသူ့အတွက် မသိစိတ်တစ်နေရာကနေ အားဆေးတခွက်ဖြစ်နေခဲ့တယ်။
"ရော့ ငိုရတာမောနေပြီးမလား ရေသောက်အုံး"
သူ့အရှေ့ကိုထိုးပေးလာခဲ့ ဖန်ခွက်လေးတခွက်။ ထိုဖန်ခွက်လေးကို ကိုင်ထားတဲ့ဖြူဖွေးပြီး သွယ်နေတဲ့လက်ချောင်းလေးတခုရဲ့ထက်မှာတော့ ပလက်တီနမ်လက်ထက် လက်စွပ်လေးတကွင်း။ သူမချွတ်သေးဘူးပဲကိုး။
"အင်း ကျေးဇူးပဲ "
ရာရာအခုမှနားလည်တော့တယ်။ စက်ရှိန်မာန်လိုကြုံခဲ့ရရင် သူလည်းအဲ့လိုလုပ်မိမှာအမှန်ပါပဲ။ သားတစ်ယောက်အနေနဲ့ ငယ်ရွယ်စဉ်မှာ ဖခင်မေတ္တာကိုမရရှိခဲ့ဘူး။အမေဖြစ်သူဆုံးတော့လည်း အဖေကအမေမုန်းတဲ့လူကိုမှ လက်ထက်လိုက်တာဆိုတော့....တော်တော်လေး ခံရခက်စေမှာ။
"ပန်းတာရာ ကျုပ်နဲ့အိမ်ပြန်လိုက်ခဲ့ပါ ကျုပ်ဆင်ခြင်မှာပါ အိမ်မှာခင်ဗျားရှိနေရင် ကျုပ်ဘယ်မိန်းကလေး ဘယ်ယောကျာ်းလေး တစ်ဦးတစ်ယောက်ကိုမှ အိမ်ခေါ်မလာဘူး အိမ်မှာမအိပ်ဘူး။ အဲ့တော့ကျုပ်ဘက်ကနေ တစ်ထစ်လျှော့ပေးလိုက်တယ်။ခင်ဗျားဘက်ကလည်း တစ််ထစ်လျှော့ပေးပါ"
"ငါ......ငါစဉ်းစားအုံးမယ် နောက်ပြီးမင်းနဲ့ငါက မချစ်မနှစ်သက်ပဲ ယူထားကြတာလေ။ မင်းဘက်ကဘယ်လိုပဲလျှော့လျှော့ ငါ့ဘက်ကဘယ်လိုပဲသီးခံနေပါစေ ရေရှည်ကြအဆင်ပြေမှာမဟုတ်ဘူး။ ငါသေချာစဉ်းစားချင်သေးတယ်"
"ကောင်းပြီ စဉ်းစားချိန်၁လပေးမယ် ခင်ဗျားကြိုက်သလိုစဉ်းစားပါ ဒီ၁လအတွင်း ကျုပ် ခင်ဗျားကိုလာမနှောင့်ယှက်ဘူး ကျုပ်သွားပြီ"
YOU ARE READING
MY step-father son become my husband S1 (completed)
Non-Fictionစာရေးသူရဲ့စိတ်ကူးသာဖြစ်သည်။ Starting Date- 8.2.2022 Ending Date- 28.4.2022