part22

1.4K 47 2
                                    

"အန်ကယ်လ်လေးနဲ့ အန်ကယ်လ်ကြီး နေကောင်းကြတယ်မလား။ ကျွန်တော်တို့မတွေ့ဖြစ်တာ အတော်ကြာပြီနော်"

ရာရာက ပန်းသံချိုနဲ့ရှိုင်းသက္ကမြန်မာပြည် ပြန်ရောက်နေတယ်ဆိုတာ သိသိချင်းပဲ ရှိန့်ကိုပူဆာပြီး momအိမ်ကိုလိုက်ပို့ခိုင်းရတယ်။ အဲ့လူကအခုရက်ပိုင်း သူ့ကိုအပြင်တောင်ပေးမထွက်ချေ။

"ကောင်းပါ့ဗျာ သားရော အမျိုးသားနဲ့အဆင်ပြေလား။ အန်ကယ်လ်လေးတို့လဲ မင်္ဂလာဆောင်တာ သတင်းကြားပေမဲ့ လာဖို့အဆင်မပြေတာနဲ့ မလာဖြစ်ခဲ့ဘူးကွယ်"

"ရပါတယ်ဗျာ သူနဲ့ကအဆင်ပြေပါတယ်။ ဒါနဲ့ ဒီမှာနေတာကြာအုံးမှာလားဟင်"

"အင်း နည်းနည်းကြာအုံးမယ်"

ပန်းသံချိုတစ်ယောက် သူ့ရှေ့မှာထိုင်နေတဲ့ ရာရာ့ကိုကြည့်ပြီး မျက်ရည်ဝဲရပြန်တယ်။ တော်တော်တောင် အရွယ်ရောက်နေပြီပဲ။

"အဲ.......အန်ကယ်‌လ်လေး ဘာလို့ငိုနေတာလဲ"

"ဟုတ်ပါရဲ့ ငယ် ဘာလို့ငိုနေတာလဲ တိတ်တိတ်"

ပြောလိုက်ကာမှ ရှိုင်းရဲ့ရင်ခွင်ထဲ၀င်ကာ ပိုလို့ပင် ငိုလာတော့တယ်။ အချိန်တော်တန်ကြာမှ ငိုနေတာကိုရပ်ပြီး ရာရာနဲ့စကားပြောတော့သည်။ ခနအကြာမှာ သားရဲ့အမျိုးသားက လာခေါ်တာကြောင့် သူတို့ကိုနှုတ်ဆက်ပြီး ထွက်သွားတဲ့ ကလေးကိုကြည့်ကာ..

"ကို......ငယ်တို့အမှန်တိုင်းပြောဖို့ အချိန်တန်ပြီလို့ မထင်ဘူးလားဟင်"

"ငယ် ကိုယ်တို့အခုနေပြောလိုက်ရင် သားရာက လက်ခံတယ်ပဲထား နေ့သစ်ကရော လက်ခံပါ့မလား။"

"ဒီလိုပဲ နားလည်အောင်ပြောရမှာပဲလေ"

"ငယ့်သားကနားလည်မှာတဲ့လား အခုတောင် သူမြန်မာပြည်ရောက်တာ ၁ပတ်မပြည့်သေးဘူး။ ဟိုလူနဲ့သတင်းထွက် ဒီလူနဲ့သတင်းထွက်။ သူနဲ့သတင်းထွက်သမျှ လူတွေကလဲ သားရာရဲ့အလုပ်ကလူတွေ အသိမိတ်ဆွေတွေလေ။ ငယ့်သားက သားရာကို အရင်တည်းက မုန်းနေတဲ့ကိစ္စကို"

ရှိုင်းရဲ့အပြောကြောင့် ပန်းသံချိုဆိုပြီး ၀မ်းနည်းလာရတယ်။ သူဘာလုပ်ရမှာလဲ။ ဒီကိစ္စတွေကို မပြောပဲ တစ်သက်လုံးနေသွားရမှာလား။
>>>>>>>>>>>>>
>>>>>>>>>>>>>

MY step-father son become my husband S1 (completed) Where stories live. Discover now