part17

1.4K 56 3
                                    

(အခုရေးမဲ့အပိုင်းသည် အရင်တစ်ခါတင်တုန်းက မပါခဲ့တဲ့အပိုင်းလေးတွေပါရှင့်)

ရာရာသည် မနက်ပိုင်းသူလုပ်ရမဲ့ ရှိန်ရဲ့ဝေယျာဝိစ္စတွေကို လုပ်ပေးပြီး ရေအမြန်ချိုးကာ ရှိန်မနိုးခင် စိုင်းနဲ့တွေ့ရန်လာခဲ့ရသည်။ သူနိုးနေရင် သူကရစ်နေအုံးမှာ။ ကိုယ်တွေကရိုးရိုးသားသား အလုပ်ကိစ္စပြောမှာဆိုပေမဲ့ သူသာသိရင် လွှတ်မယ်လို့မထင်ပေ။ ထို့ကြောင့် အခုလိုသာ ထွက်လာခဲ့ရတယ်။

"တာရာ......."

"ဟုတ်ကဲ့ ပြောပါ စိုင်း"

"ဟိုကောင်နဲ့အဆင်ပြေလား"

စိုင်းရဲ့မေးခွန်းကြောင့် ရာရာမျက်မှောင်ကျုတ်လိုက်တယ်။ ဘယ်လိုပဲခင်မင်သည်ပြောပြော ရာရာက သူ့သူငယ်ချင်းတွေနဲ့ momကလွဲရင် အခုလို သူတို့အိမ်ထောင်ရေးအကြောင်း အပြင်လူကမေးရင် တကယ်မကြိုက်ပါ။

"အလုပ်ကိစ္စပြောဖို့ ချိန်းထားတာမလား။ အလုပ်ကိစ္စပဲပြောကြရအောင်"

ပြန်ဖြေလာတဲ့ စကားက မွေးခွန်းနဲ့လွဲနေပြီး အခုလိုမေးတာကို မကြိုက်ကြောင်း ရာရာကအမူအယာနဲ့ဖော်ပြနေတယ်။ စိုင်းတ‌စ်ယောက် နာနာကျင်ကျင်ပြုံးလိုက်မိတယ်။ ဒီတစ်ခါလဲ ငါရှုံးရအုံးမှာလား။

"ကောင်းပါပြီ အခုလုပ်မဲ့ project အကြောင်းပါ"

စိုင်းနဲ့ရာရာ အလုပ်ကိစ္စဆွေးနွေးနေချိန် ရာရာ့ဖုန်းက အသံထွက်လာခဲ့တယ်။ Contactကနာမည်ကို ကြည့်လိုက်တော့ 'စက်'တဲ့။ ရာရာထင်တော့ထင်ပါတယ်။ သူနိုးလာလို့ ရာရာ့ကိုမတွေ့ရင် ဖုန်းခေါ်မယ်ဆိုတာ။

📞ဟလို........

📞ခင်ဗျား အခုဘယ်မှာလဲ

တစ်ဖက်ကလူရဲ့အသံမှာ စိုးရိမ်မှုတွေ ဒေါသတွေရောယှက်နေပြီး အသက်ရှူသံတွေတောင် ကြားနေတော့ ရာရာမသိမသာ တံတွေးမျိုချမိတယ်။

📞ငါ....ငါအခုအပြင်မှာ မင်းအတွက်ငါ
ပြင်ဆင်ပေးခဲ့တယ်လေ

📞မလိုချင်ဘူး! အခုချက်ချင်းပြန်လာခဲ့ ဒါပဲ

တီ.........

ဖုန်းကျသွားသည်နှင့် ရာရာလည်း စိုင်းကိုအားနာသလိုကြည့်လိုက်တယ်။ စိုင်းကတော့ ပြုံး၍သာပြန်ကြည့်နေတယ်။

MY step-father son become my husband S1 (completed) Tempat cerita menjadi hidup. Temukan sekarang