part27

837 29 0
                                    

၃လခန့်ကြာပြီးတဲ့အချိန်မှာ နေ့သစ်တစ်ယောက်က ဇွဲကောင်းစွာနဲ့ ရှိန့်ရဲ့ companyမှာအလုပ်၀င်လာခဲ့တယ်။ အရင်ကလို မကပ်ပေမဲ့လည်း တစ်ခါတစ်လေမှာ လိုအပ်တာထက်ပိုပြီး ရှိန့်ကိုအသားယူနေတက်တယ်။

"Boss.......မနက်ဖြန်ကျရင် ခရီးထွက်ဖို့ လေယာဉ်လက်မှတ်ကို ဘယ်နှစ်ယောက်စာ ဖြတ်ရမလဲရှင့်"

အတွင်းရေးမှူးမလေးရဲ့ စကားသံကြောင့် ရှိန့်ရဲ့အတွေးတွေက လက်ရှိကာလဆီကို ရောက်လာခဲ့တယ်။

"၃ယောက်စာဖြတ်လိုက် မနက်ကျရင် အစောဆုံးလေယာဉ်နဲ့သွားချင်တယ်"

"ဟုတ်ကဲ့ Boss"

ရှုပ်‌ထွေးနေတဲ့စိတ်များ ပျောက်သွားအောင် ခေါင်းကိုခါရမ်းရင်း အလုပ်ထဲသို့စိတ်နှစ်လိုက်တော့တယ်။ တစ်နေကုန်လည်း ပင်ပန်းနေတာမို့ အိမ်ပြန်ရောက်တော့ ရာလေးကိုပင် စကားမပြောနိုင်ပဲ ရေချိုးကာ ကုတင်ပေါ်တွင် မှေးနေမိတယ်။

ကျွီ............

ရာလေးက ကုတင်ပေါ်မှာ ရှိန်အိပ်နေတာမြင်တော့ ခြေလှမ်းခပ်ဖွဖွလေးဖြင့် လျှောက်လာခဲ့တယ်။ ဘာတွေများ အဆင်မပြေလို့ အိပ်နေရင်းတောင် မျက်မှောင်တွေ ကျုတ်ထားရပါလိမ့်နော်။

"မောင်........ထပါအုံး ပြန်ရောက်တည်းက အိပ်နေတာ ညစာစားချိန်ရောက်နေပြီလေ"

ရာလေးကချော့မော့သလိုပြောတော့ ရှိန့်မျက်လုံးတွေပွင့်လာခဲ့တယ်။

"တေးသွားရော စားပြီးပြီလား။ မောင်လဲ အလုပ်ထဲပင်ပန်းလာလို့ အိပ်နေမိတာ မောင့်အချစ်လေးကို ပစ်ထားမိပြီ"

ကိုယ့်ကိုကိုယ် အပြစ်တင်သလိုပြောနေတဲ့ မောင့်ကိုကြည့်ရင်း ခေါင်းလေးခါပြရင်း ပြုံးပြလိုက်တယ်။

"မဟုတ်တာမောင်ရယ် လာပါ ထမင်းစားကြမယ်"

ထမင်းစားသောက်ပြီး ပန်းကန်တွေဆေးကြောပြီးတာနဲ့ ရာလေးလဲ ကိုယ်လက်သန့်စင်ကာ အ၀တ်လဲလိုက်တယ်။ ထမင်းစားရင်း မနက်ကျခရီးထွက်ရမယ်လို့ ပြောလာတဲ့လူကြောင့် အထုတ်ပြင်ဆင်ပေးရသေးတယ်။

"မောင် ခရီးမှာဂရုစိုက်နော်"

"ဟုတ်ကဲ့ပါဗျာ တေးသွားလဲဂရုစိုက်နော် မနက်ကျရင် အမေ့ကိုအိမ်မှာလာနေဖို့ မောင်ပြောထားတယ်"

MY step-father son become my husband S1 (completed) Onde histórias criam vida. Descubra agora